မန်ယူအသင်း ချန်ပီယံလိဂ်မှာ နောက်တဆင့် တက်နိုင်ချေ ရှိသေးရဲ့လား

မန်ယူအသင်း ချန်ပီယံလိဂ် ၃ ပွဲကစားအပြီးမှာ ၃ မှတ်ရရှိထားပါတယ် ။ လာမယ့်ပွဲစဉ်က ကိုမိုအသင်းထက် ဂိုးသွင်းနှုန်း ပိုကောင်းတဲ့ ရိုးမားနဲ့ပါ ။ ပြီးရင် ဘိုင်ယန် ၊ ဗီလာရီးရဲတို့နဲ့လည်း ကစားဖို့ ရှိပါသေးတယ် ။ စပို့တင်းနဲ့ လိုက်ပ်ဇစ်တို့ကို နိုင်တယ်ပဲထား ၊ ၉ မှတ်နဲ့ မန်ယူအသင်း နောက်တဆင့်တက်ဖို့ ဖြစ်နိုင်မယ် မထင်ပါဘူး ။ ရိုးမား ၊ ဘိုင်ယန် နဲ့ ဗီလာရီးရဲတို့ဆီကနေ ၁ မှတ်တော့ ရနိုင်ဖို့ မဖြစ်မနေလိုအပ်မှာပါ ၊ ဒါတောင် ဟို ၂ သင်းကို နိုင်မယ်လို့ ခန့်မှန်းထားတာပါ ။ မန်ယူအသင်းရဲ့ လက်ရှိအနေအထားက နောက်တဆင့်တက်ဖို့ အလားအလာနည်းနေပါပြီ ။ League Phase ပြောင်းအပြီးမှာ ရှုံးထွက်အဆင့်ကို မတက်နိုင်တဲ့ ပထမဆုံးပရီးမီးယားလိဂ်အသင်း ဖြစ်လာတော့မလားဆိုတာကတော့..

Ref: https://www.facebook.com/sportsdailymm/posts/