အကောင်းဆုံးတုန့်ပြန်ခဲ့ကြတဲ့ အီတလီကလပ်အသင်း

ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်တုန်းက ၄ သင်းစလုံးရှုံးပြီး စီးရီးအေကို မျက်နှာငယ်စေခဲ့ရတဲ့ အီတလီကလပ်တွေဟာ ဒီတပတ်မှာတော့ အကောင်းဆုံးတုန့်ပြန်ခဲ့ကြကာ ၄ သင်းစလုံး နိုင်ပွဲရယူနိုင်ခဲ့ကြပါတယ် ။ ရိုးမား ၊ ကိုမို နဲ့ နာပိုလီတို့ဆိုရင် ဂိုးတွေတောင် အများကြီး သွင်းနိုင်ခဲ့ကြတာပါ ။ ဒီနှစ်စီးရီးအေက ဂိုးတွေသွင်းနေတယ်ဆိုတာ ထင်ယောင်ထင်မှား မဟုတ်တော့ပါဘူး ။ စီးရီးအေမှာရော ချန်ပီယံလိဂ်မှာပါ ဂိုးသွင်းကောင်းနေကြတာပါ ။ ပွဲစဉ် ( ၂ ) တုန်းက အီတလီကလပ်တွေ ကျန်ခဲ့နိုင်တယ်ဆိုတဲ့စကားကို ပြန်ရုတ်သိမ်းပါတယ် ။ သူတို့ တကယ်ကို ကောင်းခဲ့ကြတာပါ ။ သူတို့ကို ချီးကျူးရမှာပါပဲ

Ref: https://www.facebook.com/sportsdailymm/posts/