ဖာရန် တောရက်စ်ဟာ ပီအက်စ်ဂျီအသင်းကို ယူရို ၄၈.၅ သန်းနဲ့ ပြောင်းရွှေ့ပြီးနောက် ဘာစီလိုနာအသင်းကို လက်စားချေဖို့ ဆန္ဒပြင်းပြနေပါတယ်။
စပိန်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ဈေးကွက်မှာ ဘာစီလိုနာအသင်းက သူ့ကို ကျောခိုင်းပြီး ဂျူလီယန် အယ်ဗာရက်ဇ်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ချိန်မှာ အလွန်အမင်း စိတ်ဆိုးဒေါသထွက်ခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။
ဟန်ဆီ ဖလစ်က အက်သလက်တီကို မက်ဒရစ်နဲ့ပွဲမှာ သူ့အစား ဒါနီ အိုလ်မိုကို တိုက်စစ်နေရာမှာ ပွဲထုတ်ဖို့ ရွေးချယ်ခဲ့ချိန်မှာတော့ အသင်းကနေ ထွက်ခွာချင်တဲ့ သူ့ရဲ့ဆန္ဒ ပိုလို့တောင် ပြင်းထန်လာခဲ့ပါတယ်။
အခုအခါမှာတော့ ဖာရန်အနေနဲ့ ဒီကနေ့ည ပွဲစဉ်မှာ သူ့ရဲ့အသင်းဟောင်းကို အပြစ်ပေးဖို့ အကောင်းဆုံးအခွင့်အရေး ရရှိနေပါပြီ။