ဗီးနစ်ရှက် ဂျူနီယာ ကို အာဆင်နယ်ဆီ ရီးယဲလ်တို့ရောင်းထုတ်ခဲ့သင့်တာပါ

ဗီးနစ်ရှက် ဂျူနီယာ ကို အာဆင်နယ်ဆီ ရီးယဲလ်တို့ရောင်းထုတ်ခဲ့သင့်တာပါ

ဘာလို့လဲဆိုတော့ ဂျူနီယာ နဲ့ ဘာပေတို့ဟာ အတူတကွ တွဲဖက် ကစားလို့ မရပါဘူး

တစ်ယောက်ယောက်က ဘယ်တောင်ပံမှာ ကစားပြီးကျန်တဲ့ တစ်ယောက်က အရန်ခုံမှာ ထိုင်ရမလား၊ ဒါမှမဟုတ် ကျန်တစ်ယောက်က နံပါတ် ၉ ဗဟိုတိုက်စစ်မှူး နေရာမှာ ပိုကောင်းအောင် ဘယ်လိုကစားရမလဲဆိုတာ သင်ယူရမယ့် အခြေအနေဆီ ရောက်နေပါပြီ

ဘာလို့လဲဆိုတော့ ရာဖင်ညာရဲ့ ပွဲတွေကို ၇ ပွဲ၊ ၈ ပွဲမက စောင့်ကြည့်ခဲ့ရင် သိပါလိမ့်မယ်

ရာဖင်ညာ ဘောလုံးကစားတာကို ကြည့်လိုက်ရင်၊

ဒီလူဟာ ဘာပေ ထက်စာရင် နေရာယူ ပိုကောင်းပါတယ်

နံပါတ် ၉ ဗဟိုတိုက်စစ်မှူးနေရာရဲ့ သဘောတရားကိုလည်း ဘာပေ ထက် ပိုနားလည်ပါတယ်၊ သူဟာ အဲဒီနေရာမှာ ကစားတာ သိပ်မကြာသေးပါဘူး ၊ သူဟာ ဘောလုံးရဖို့အတွက် တောင်ပံအထိ ထွက်ပြီး ဘောလုံး လိုက်လုချင်တဲ့ အတ္တမျိုး မရှိဘဲ အဲဒီနေရာမှာပဲ တည်တည်ငြိမ်ငြိမ် နေပြီး ကစားပါတယ်

အဲဒီနေရာမှာပဲ စောင့်ဆိုင်းပြီး အသင်းဖော်တွေကို ကူညီနိုင်မယ့်အရာကို လုပ်ဆောင်ပေးနေတာပါ

ဘာပေ ကစားတာကို ကြည့်ရတာကျတော့ အသင်းဖော်တွေကို အကျိုးပြုဖို့ ကြိုးစားနေတဲ့ပုံ မပေါ်ပါဘူး

သူကိုယ်တိုင်ပဲ အရာရာကို လိုက်လုပ်နေရမယ်လို့ ခံစားနေရတဲ့ လူတစ်ယောက်လိုဖြစ်နေပြီး အဲဒါကပဲ ပြဿနာပါ

အကယ်၍ ဂျူနီယာ သာ ခြေစွမ်းမပြနိုင်ဘဲ အရမ်း မြန်မြန်ဆန်ဆန် မကစားနိုင်ရင် အသင်း ရှုံးမှာပါ၊ ဒါမှမဟုတ် ဘာပေ သာ ခြေစွမ်းမပြနိုင်ဘဲ အရမ်း မြန်မြန်ဆန်ဆန် မကစားနိုင်ရင်လည်း အသင်း ရှုံးမှာပါ၊ ပြီးတော့ ဂျုဒ် ဘယ်လင်ဂမ်သာ ခြေစွမ်းမပြနိုင်ဘဲ အရမ်း မြန်မြန်ဆန်ဆန် မကစားနိုင်ရင်လည်း ရှုံးမှာပါပဲ

ဘာလို့လဲဆိုတော့ ထုံးစံအတိုင်း ရီးယဲလ်တို့က တစ်ဦးချင်း ခြေစွမ်းအပေါ်မှာပဲ မှီခိုထားနေရလို့ပါ

Ref: https://www.facebook.com/tkt345/posts/