လက်ရှိ မန်စီးတီးအသင်း ရင့်ကျက်နေပုံကို ကြည့်မိတဲ့အခါ ပက် ဂွါဒီယိုလာရဲ့ အခန်းကဏ္ဍကိုပဲ ပြန်ပြီး သတိရမိပါတယ်
ဒါဟာ လက်ရှိ အင်ဇို မာရက်စကာ လုပ်ဆောင်နေတာတွေကို အထင်သေး လျှော့ချပစ်ချင်လို့ မဟုတ်ပါဘူး၊ မာရက်စကာ ဟာလည်း တကယ်ကို အံ့ဩဖွယ် ကောင်းမွန်စွာ ကိုင်တွယ်နေတာပါ
ကျွန်တော် ပြောချင်တာက ဂွါဒီယိုလာ ဟာ မာရက်စကာ အတွက် လမ်းကြောင်းကောင်းတစ်ခု သေချာ ခင်းကျင်းပေးခဲ့တယ် ဆိုတာပါပဲ
ဒါကို ဘာကြောင့် ပြောရတာလဲ? နည်းပြတိုင်းဟာ အသင်းတစ်သင်းကနေ ထွက်ခွာသွားတဲ့အခါ အသင်းရဲ့ ကဏ္ဍပေါင်းစုံမှာ အမြင့်ဆုံးဆိုတဲ့ စွမ်းရည်တွေ ကျန်ရစ်ခဲ့အောင် မလုပ်ဆောင်ပေးနိုင်ကြပါဘူး။ ပက် ဟာ သူ ကိုင်တွယ်ခဲ့ဖူးတဲ့ ကလပ်အသင်း ၃ သင်းစလုံးမှာ ဒါကို အောင်အောင်မြင်မြင် လုပ်ဆောင်ပြခဲ့သူပါ
ဘာစီလိုနာ နဲ့ ဘိုင်ယန် မြူးနစ်တို့မှာလည်း နောက်ရောက်လာမယ့် နည်းပြတွေအနေနဲ့ အသင်းရဲ့ အောင်မြင်မှုကို ဆက်လက် ခံစား စံစားနိုင်အောင် တည်ဆောက်ပေးခဲ့တာမျိုး လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်
အဲလက်စ် ဖာဂူဆန် ၊ အာစင် ဝင်းဂါး၊ ဂျိုးဆေး မော်ရင်ဟို စတဲ့ အခြားသော နည်းပြကြီးတွေကျတော့ နောက်တက်လာမယ့် နည်းပြတွေအတွက် ပိုမို အားနည်းသွားတဲ့ အသင်းတွေကိုပဲ ချန်ထားရစ်လေ့ ရှိကြပါတယ်။ ယာဂန် ကလော့ပ် တစ်ယောက်ပဲ ဂွါဒီယိုလာ လုပ်ခဲ့သလိုမျိုး လုပ်ဆောင်နိုင်ခဲ့တာဖြစ်ပြီး၊ အာနီ စလော့တ် အနေနဲ့ နောက်ရာသီမှာတင် လိဂ်ဖလား ဆွတ်ခူးနိုင်အောင် အထောက်အကူ ဖြစ်စေခဲ့တာပါ
ဒါဟာ ပက် ဂွါဒီယိုလာ ဘောလုံးလောကမှာ တည်ဆောက်ခဲ့တဲ့ အချိန်ကြာမြင့်စွာ တည်တံ့နိုင်မယ့် အမွေအနှစ် အများအပြားကို ပြသနေတာ ဖြစ်ပါတယ်
ဂွါဒီယိုလာ ဟာ ကွင်းတွင်း အောင်မြင်မှုတွေကြောင့်တင် အကြီးကျယ်ဆုံး နည်းပြ ဖြစ်နေတာ မဟုတ်ပါဘူး၊ ကွင်းပြင်ပမှာပါ ကစားသမားတွေကို စီမံခန့်ခွဲနိုင်စွမ်း Man-management ဘယ်လောက် ကောင်းမွန်သလဲဆိုတာနဲ့ အသင်း စီမံအုပ်ချုပ်မှု အပိုင်းကို ကိုင်တွယ်သွားတဲ့ သူ့ရဲ့ စတိုင်လ်တွေကြောင့်ပါ အကြီးကျယ်ဆုံး နည်းပြ ဖြစ်နေတာပါ