ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင် ရွှေဖိနပ်ဆုကြီးကို ဘယ်သူ အပိုင်ရယူသွားမလဲ

ဒီရာသီ ပရီးမီးယားလိဂ် ရာသီအဖွင့် ၅ ပွဲအပြီးမှာတင် ဂိုးသွင်းဘုရင် ရွှေဖိနပ်ဆုကြီးကို ဘယ်သူ အပိုင်ရယူသွားမလဲ ဆိုတာ စိတ်လှုပ်ရှားနေကြရပါပြီ

မန်စီးတီး ရဲ့ ဂိုးသွင်းစက်ကြီး ဟာလန်း ကတော့ ၅ ပွဲမှာ ၅ ဂိုးအထိ သွင်းယူထားပြီး ထုံးစံအတိုင်း ထိပ်ဆုံးမှာ စိုးမိုးထားတာ ဖြစ်ပါတယ်

ဒါပေမယ့် အံ့အားသင့်စရာ ကောင်းတာကတော့ လီဗာပူး တိုက်စစ်မှူး အီဆက် က ၄ ဂိုးအထိ သွင်းယူထားတာပါ

အီဆက် ဟာ ဒီရာသီ ၅ ပွဲမှာတင် သွင်းယူထားတဲ့ ဂိုးအရေအတွက်က ပြီးခဲ့တဲ့ ရာသီတစ်ခုလုံး သူ သွင်းယူခဲ့တဲ့ ပရီးမီးယားလိဂ် သွင်းဂိုး စံချိန်ကိုတောင် ကျော်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်

သူတို့ ရဲ့ နောက်မှာတော့ ပက်ဒရို နဲ့ ယူနိုက်တက် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် တို့က ၃ ဂိုးစီနဲ့ လိုက်လံ ခြိမ်းခြောက်နေကြတာပါ

ဒီလိုမျိုး အကြိတ်အနယ် ရှိလှတဲ့ ဂိုးသွင်းဘုရင် တိုက်ပွဲမှာ ဟာလန်း ကပဲ ဆက်လက် စိုးမိုးသွားမလား ဒါမှမဟုတ် ခြေစွမ်းပြနေတဲ့ အီဆက် တို့ကပဲ အလှည့်အပြောင်း လုပ်ပြသွားမလား ဆိုတာကတော့ စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်

Ref: https://www.facebook.com/tkt345/posts/