ဗစ်တာ ယောကရက်စ် အနေနဲ့ နောက်လာမယ့် အပြောင်းအရွှေ့မှာ အာဆင်နယ် ကနေ ထွက်သွားတော့မယ်

ဗစ်တာ ယောကရက်စ် အနေနဲ့ နောက်လာမယ့် အပြောင်းအရွှေ့မှာ အာဆင်နယ် ကနေ ထွက်သွားတော့မယ်လို့ သိပ်စဉ်းစားမနေဘဲတောင် ပြောလို့ရတယ်။

အာဆင်နယ် ဘက်က အီလီ ဂျူနီယာ ခရူပီကို ဝယ်ယူနိုင်ပြီး ယောကရက်စ် အတွက်လည်း သင့်တော်တဲ့ ကမ်းလှမ်းမှုတစ်ခု ရလာခဲ့ရင် ဇန်နဝါရီမှာတင် ထွက်ခွာသွားတာမျိုး ဖြစ်လာနိုင်တယ်။

​ပြီးခဲ့တဲ့ ရာသီကုန်တုန်းက အများကြီး တိုးတက်လာခဲ့တဲ့ ယောကရက်စ် ဆိုတာ ရှိခဲ့ဖူးပေမဲ့ ကမ္ဘာ့ဖလားအပြီးမှာတော့ ရုတ်တရက်ဆိုသလို အရာအားလုံး ပျောက်ကွယ်သွားပြီး အစပိုင်းအခြေအနေကို ပြန်ရောက်သွားခဲ့တယ်။

​ပိုပြီး စိုးရိမ်ဖို့ကောင်းတာက လက်ရှိ ယောကရက်စ် ဟာ နည်းစနစ်ပိုင်းအရ အရင်က ယောကရက်စ်တုန်းက မကောင်းဘူးလို့ ပြောလို့မရပေမဲ့ မကြောက်မရွံ့ တိုးဝင်တတ်တဲ့ စိတ်ဓာတ်၊ မျက်လုံးထဲက အနိုင်လိုချင်တဲ့ အရှိန်အဝါနဲ့ မျက်နှာပေါ်က ခံစားချက်တွေကိုတော့ ဆုံးရှုံးသွားခဲ့ပြီ။

ဘာဇွဲ၊ လုံ့လမှ မတွေ့ရတော့သလို ဘယ်ခံစစ်မှူးမှလည်း သူ့ကို မကြောက်တော့ဘူး။ ပထမပွဲထွက်နေရာရဲ့ ၁၀၀ ရာခိုင်နှုန်းက ကိုင် ဟားဗတ်ဇ် ရဲ့ လက်ထဲမှာဆိုတာ နားလည်ထားပေမဲ့ ယောကရက်စ် အနေနဲ့ အဆုံးထိ ယှဉ်ပြိုင်သွားဖို့ မျှော်လင့်မိတုန်းပဲ။

အာဆင်နယ် အတွက် ကောင်းမွန်တဲ့ ရလဒ်တွေ ရလာဖို့အတွက် ယောကရက်စ် ကိုယ်တိုင် ဂိုးတွေ သွင်းယူနိုင်ဖို့လည်း မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ မိမိအသင်းက ကစားသမားတစ်ယောက်ကို အမြဲတမ်း ခြေစွမ်းကျနေတာမျိုး ဘယ်ပရိသတ်ကမှ ဘယ်သူမှ မမြင်ချင်ကြလို့ပါ။

​အနည်းဆုံးတော့ အာဆင်နယ် အနေနဲ့ စျေးကောင်းကောင်းနဲ့ ပြန်ရောင်းထုတ်နိုင်ဖို့ ယောကရက်စ် ဘက်က အသင်းအတွက် တစ်ခုခု အကျိုးပြုပြဖို့ လိုပါတယ်။

အက်ဇေး လည်း ဒီလိုပါပဲ၊ ဆော်ဒီအသင်းတွေဆီက ကမ်းလှမ်းမှု ရလာအောင် စွမ်းဆောင်ရမှာပါ။

​အာဆင်နယ် ဘက်က ကြည့်ရင်တော့ မယ်ရီနို ရဲ့ ခြေစွမ်းနဲ့ ဘောလုံးထိန်းချုပ်မှုကို မြင်တွေ့ရတာကြောင့် ကိုင် သာ ဒဏ်ရာရသွားခဲ့ရင်တောင် အာတီတာ အနေနဲ့ အခက်အခဲမရှိ ဆက်လက် ရပ်တည်နိုင်ဦးမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ယောကရက်စ်ကို မျက်စိစုံမှိတ်အားကိုးဖို့ဆိုတာ မဖြစ်နိုင်သလောက်အခြေအနေဖြစ်နေပြီဖြစ်ပြီး ကတ္တီပါလမ်းခွဲကို မြင်ရဖို့ သိပ်မလိုတော့ဘူးလို့ သုံးသပ်မိပါတယ်။

Ref: https://www.facebook.com/SportsAIIZ/posts/