အရန်လူစာရင်းနဲ့ ကန်ပြီး ၄ ဂိုးသွင်းသွားတဲ့ အာဆင်နယ်

အာဆင်နယ်က အစ်ဝစ်ခ်ျကို အရန်လူစာရင်းနဲ့ ကန်ပြီး ၄ ဂိုးသွင်းသွားတယ်

ဒါတောင် ဂိုးသမားက အရံဂိုးသမား‌ဖြစ်နေလို့ နှစ်ဂိုးပြန်ပေးလိုက်ရတာ ရာယာနဲ့သာဆို Clean Sheet ရအုန်းမှာပါ

ကာရာဘောင်ဖလားဖြစ်နေလို့ အဓိက ပွဲထွက်နေကြကစားသမားတွေကို အနားပေးပြီး လူ‌ငယ်တွေနဲ့ ပွဲထွက်ခွင့်မရသေးတဲ့ ကစားသမားတွေကိုပဲ အာတီတာက အဆင်ပြေအောင်သုံးသွားတာပါ

ယော်ကရက်ဇ်ကို ဘာလို့ အာတီတာ‌ ချောင်ထိုးထားရလဲဆိုတာ ဒီပွဲမှာအဖြေပေါ်လာပါတယ် ဟာဗက်ဇ်လောက် အားကိုးလို့မရပါဘူး

ဒေါင်းမန်းကတော့ တစ်ပွဲကန်တိုင်းစံချိန်တစ်ခုလိုဖြစ်နေပြီ အာတီတာနဲ့အနေနဲ့ လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာပါ ဒေါင်းမန်းလေးကို ပုံမှန်သုံးလို့ရနေပါပြီ

အာဆင်နယ်အတွက်တော့ ကာရာဘောင်ဖလားလည်း အဖွင့်လှလဲ့ပြီဖြစ်ပြီးတော့ လက်ရှိရာသီမှာ ၇ ပွဲအထိ နိုင်ပွဲဆက်ခဲ့ရပါပြီ

Ref: https://www.facebook.com/tkt345/posts/