ခါရာဘောင်ဖလားဟာ မန်ယူနည်းပြတိုင်းအတွက် မဟုတ်ခဲ့ဘူး

ခါရာဘောင်ဖလားဟာ မန်ယူနည်းပြတိုင်းအတွက် မဟုတ်ခဲ့ဘူး

ဆာအဲလက်စ် ဖာဂူဆန် အနားယူသွားပြီးတဲ့နောက်ပိုင်းမှာ မန်ယူနည်းပြ ၂ ယောက်သာ ခါရာဘောင်ဖလားကို ရယူနိုင်ခဲ့ကြပါတယ် ။ ဂျိုဆေး မော်ရင်ညို နဲ့ အဲရစ်တန်ဟတ်တို့ပါ ။ တန်ဟတ်က FA Cup မှာ ဖိုင်နယ်တခါ ၊ ချန်ပီယံတခါ ထပ်ဖြစ်ခဲ့ပါသေးတယ် ။ မော်ရင်ညိုကလည်း ယူရိုပါလိဂ်ကို ရယူပေးနိုင်ခဲ့တာပါ ။ အခြား မန်ယူနည်းပြတွေကတော့ အားလုံးသိတဲ့အတိုင်းပါပဲ ။ ခါရာဘောင်ဖလားမှာ မနှစ်တုန်းက ဒုတိယအဆင့် ၊ အခုရာသီမှာ တတိယအဆင့်ကနေ ထွက်ခွာရတာဆိုတော့ တိုးတက်လာတယ်လို့တောင် ပြောရမလား . . . ။ မန်ယူကတော့ စောစောစီးစီး ဖလားတလုံး လက်လွှတ်လိုက်ရပါပြီ ။

Ref: https://www.facebook.com/sportsdailymm/posts/