အမ်ဘာပေ ကို ဇီဒန်း ဘယ်လိုကိုင်တွယ်မလဲ

ဇီနဒင်း ဇီဒန်းအနေနဲ့ ကီလီယန် အမ်ဘာပေရဲ့ တိုက်စစ်စွမ်းရည်ကို မလျော့ကျစေဘဲ ခံစစ်ကူညီမှု အနည်းငယ်မျှပြုလုပ်လာအောင် စည်းရုံးဆွဲဆောင်နိုင်မယ့် နည်းလမ်းကို ရှာဖွေရတော့မှာ ဖြစ်ပါတယ်။

​လူးဝစ် အန်နရီကေး၊ ကာလို အန်ဆယ်လော့တီ၊ ဇာဘီ အလွန်ဆို၊ ဟိုဆေး မော်ရင်ဟိုနဲ့ ဒီဒီယာ ဒေးရှမ့်တို့အားလုံးဟာ ယခင်က အမ်ဘာပေဆီက ခံစစ်ကူညီမှု ပိုမိုရရှိရန် ကြိုးပမ်းခဲ့ကြဖူးပါတယ်။

​နောက်ဆုံးမှာတော့ သူတို့ဟာ အမ်ဘာပေကို ခံစစ်ဆင်းကူဖို့ ဆက်တိုက်တောင်းဆိုနေမယ့်အစား အခြားတိုက်စစ်မှူးတစ်ဦးနဲ့ တွဲဖက်ကစားစေတာက ပိုမိုကောင်းမွန်ကြောင်း ကောက်ချက်ချခဲ့ကြတယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။

ဆရာမနိုင် အမ်ဘာပေကို ခံစစ် ဆင်းကူချင်စိတ်ဖြစ်လာအောင် ဇီဒန်း ဘယ်လို စည်းရုံးသွားမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းလာတော့မှာပါ။

Ref: https://www.facebook.com/SportsAIIZ/posts/