ကိုင် ဟာဗာတ်ဇ် ဒဏ်ရာရပြီး ထွက်သွားရတဲ့အထိ ဖြစ်စေခဲ့တဲ့ ညီဖြစ်သူ ကွင်တန် ရဲ့ ဖျက်ထုတ်မှုအပေါ် ဂျူရီယန် တင်းဘားရဲ့ တုံ့ပြန်မှု
“အဲဒီ ဖျက်ထုတ်မှုကို မြင်လိုက်ရတော့ ကျွန်တော့်မှာ စိတ်ကူးနှစ်ခု ချက်ချင်း ပေါ်လာတယ်။
သူ့အစ်ကိုအနေနဲ့ စဉ်းစားလိုက်တော့ ‘အေး၊ ဒီည ကွင်တန် တကယ့်ကို အားစိုက်ပြီး ကစားနေတာပဲ’ ပေါ့။
အဲဒီနောက် ၂ စက္ကန့်လောက်ကြာတော့မှ ငါ အာဆင်နယ်မှာ ကစားနေတာပဲ၊ လဲကျသွားတဲ့သူက ကိုင် ပါလားဆိုတာ သတိရသွားတယ်။ ဒါနဲ့ပဲ ‘ဂျာမနီကစားသမား ၁၁ ယောက် ရှိတာကို ဘာလို့ သူ့ကိုမှ သွားဖျက်ရတာလဲ’ လို့ တွေးနေမိတော့တာပဲ။
ငါတို့မှာ ကာကွယ်ရမယ့် လိဂ်ဖလား ရှိသေးတယ်။ လန်ဒန်ကို ပြန်ရောက်ရင် ကိုင့်ကို ကျန်းမာသန်စွမ်းလျက် ရှိနေဖို့ လိုတယ်။ ကွင်တန် ကတော့ ဒါတွေကို စဉ်းစားစရာ မလိုဘူးလေ။ သူ ဖျက်ထုတ်လိုက်တယ်၊ အိမ်ပြန်တယ်၊ သူ့ရာသီကို ဆက်သွားတယ်။
ကျွန်တော်ကတော့ နာမည်မျိုးရိုး တူတူကြီးနဲ့ အာဆင်နယ် အဝတ်လဲခန်းထဲ ပြန်ဝင်ရတော့မှာ။
အဲဒါ သူ ထည့်မစဉ်းစားခဲ့တဲ့ အချက်ပဲ။ ပွဲအပြီးကျရင် သူ့ကို သွားပြောမယ်။ အစ်ကိုတစ်ယောက်အနေနဲ့ မဟုတ်ဘူး၊ အာဆင်နယ် ကစားသမားတစ်ယောက်အနေနဲ့။ မိသားစုကိစ္စတွေကိုတော့ ကိုင့်ရဲ့ စကန်ရလဒ် ထွက်လာမှပဲ ဆက်ပြောကြတာပေါ့။”