ဒင်း ဟွိုက်ဆန် ရဲ့ ပင်နယ်တီနဲ့ အနီကတ် ပြသမှုနဲ့ ပတ်သက်ပြီး VAR အသံဖိုင် ထွက်ပေါ်လာ

အက်သလက်တီကို မက်ဒရစ်နဲ့ ရီးရဲလ် မက်ဒရစ်တို့ ပွဲစဉ်က ဒင်း ဟွိုက်ဆန် ရဲ့ ပင်နယ်တီနဲ့ အနီကတ် ပြသမှုနဲ့ ပတ်သက်ပြီး VAR အသံဖိုင် ထွက်ပေါ်လာခဲ့ပါတယ်။

​ဒင်း ဟွိုက်ဆန်ရဲ့ ပင်နယ်တီနဲ့ အနီကတ် ဖြစ်စဉ်အပေါ်

​VAR – “ဘောလုံးယှဉ်လုတာ မဟုတ်ဘဲ ပြိုင်ဘက်ကို ဆွဲထားတဲ့အတွက် သေချာပေါက် ဂိုးရနိုင်ချေကို တားဆီးမှု (DOGSO) အတွက် အနီကတ် ပြနိုင်မလား ဆိုတာ စစ်ဆေးကြည့်ဖို့ အကြံပြုပါတယ်။”

VAR – “ရီးရဲလ် မက်ဒရစ် ကစားသမားဟာ ဘောလုံးယှဉ်လုနိုင်စွမ်း လုံးဝမရှိဘဲ တခြားကစားသမားကို ဆွဲထားတာ တွေ့ရပါတယ်။ ဒါဟာ ထင်ရှားတဲ့ ဂိုးရနိုင်ချေ အခွင့်အရေး ဖြစ်ပါတယ်။”

ကွင်းလယ်ဒိုင် – “ဂိုးသမား ဘယ်နေရာမှာ ရှိနေလဲဆိုတာ မြင်ရအောင် မြင်ကွင်းကို နည်းနည်း ပိုချဲ့ပေးနိုင်မလား။”

ကွင်းလယ်ဒိုင် – “ဟုတ်ပြီ၊ ကျနော်က ဂိုးသမား မီနိုင်တယ်လို့ ထင်မှတ်ခဲ့တာ။ သူ ဘောလုံးကို ထိန်းလိုက်နိုင်ပြီး ဂိုးသမားကလည်း လှမ်းမီတဲ့ အကွာအဝေးမှာ မရှိဘူး။”

ကွင်းလယ်ဒိုင် – “ဘောလုံးကို ယှဉ်လုခဲ့ခြင်း လုံးဝ မရှိတာ သေချာပါတယ်။ ကျနော် အဝါကတ်ကို အနီကတ်အဖြစ် ပြောင်းလဲလိုက်ပြီး ပင်နယ်တီ ဆုံးဖြတ်ချက်ကို အတည်ပြုပါတယ်။”

Ref: https://www.facebook.com/duwun.sports/posts/