အာဆင်နယ် ကစားသမားတွေအနေနဲ့ ဒီလို ရုပ်ပျက်ဆင်းပျက် အပြုအမူတွေကို လုပ်နေတာ အမြန်ဆုံး ရပ်တန့်ဖို့ လိုနေပါပြီ

အာဆင်နယ် ကစားသမားတွေအနေနဲ့ ဒီလို ရုပ်ပျက်ဆင်းပျက် အပြုအမူတွေကို လုပ်နေတာ အမြန်ဆုံး ရပ်တန့်ဖို့ လိုနေပါပြီ။ ဘာလို့လဲဆိုတော့ ဒါတွေဟာ တကယ်ကို ရှက်စရာကောင်းပြီး ဘက်ပေါင်းစုံကနေ ကာကွယ်ပြောဆိုပေးဖို့ အင်မတန် ခက်ခဲလွန်းလို့ပါပဲ

ဒီပွဲအပြီးမှာဆိုရင်လည်း ဒက်ကလန် ရိုက်စ်တစ်ယောက် အနီကတ်နဲ့ ထုတ်ပယ်မခံရတာ ကံကောင်းသွားတယ်လို့ ဆိုရမှာပါ။ သူ့ကျောပြင်ကို နောက်ကနေ နည်းနည်းလာတိုက်တဲ့ ယာအို ကူယာတေးကို ခြေထောက်နဲ့ ပြန်ကန်ထုတ်လိုက်တာ ဖြစ်ပြီး၊ အဲဒီအပြုအမူကလည်း ပုံမှန်ထက် ပိုလွန်တာမျိုး မဟုတ်ပါဘူး၊ ဖိုဒန်က ဘရူနိုကို ဖွဖွလေး ကန်မိတာတောင် အနီကတ်ပြခံခဲ့ရသေးတာပဲ မဟုတ်လား

ဒီကလန်ရိုက်အနေနဲ့ ကန်ထုတ်လိုက်ပေမဲ့ အရှိန်ကုန် မကန်ဘဲ ခြေထောက်ကို ပြန်ရုတ်လိုက်တာကြောင့် ဒေါသတကြီး ကန်ထုတ်တာမဟုတ်ဘဲ ခြေထိုးချိတ်လိုက်သလို ဖြစ်သွားလို့သာ အနီကတ်ကနေ လွတ်မြောက်ခဲ့တာပါ

ဒါပေမဲ့ အသင်း ၃ ဂိုး – ဂိုးမရှိနဲ့ ရှုံးနေချိန်၊ ပွဲပြီးခါနီး နောက်ဆုံး ကန်ချက်မှာ ဘာမဟုတ်တဲ့ကိစ္စနဲ့ အနီကတ်မိပြီး နောက်ထပ် သုံးပွဲအထိ လွဲချော်မယ့် အန္တရာယ်ဆိုးကြီးကို ကြုံတွေ့အောင် ဖန်တီးလိုက်သလို ဖြစ်သွားခဲ့ပါတယ်

ဒီထက်ပိုပြီးတော့ ရင့်ကျက်ဆင်ခြင်တုံတရား ရှိသင့်ပါတယ်။နောက်ပြီး ဂါဘရီယယ်လ် ကွင်းထဲမှာ လဲကျသွားတဲ့ ပုံစံတုန်းကလည်း ဒီလိုပါပဲ။ ကျွန်တော် ဒါမျိုးတွေကို ခဏခဏ မြင်ဖူးသလို၊ အသင်းနိုင်နေချိန် ဒါမှမဟုတ် ဖလားရနေချိန်တွေတုန်းကလည်း အချိန်ဖြုန်းဖို့နဲ့ ပြစ်ဒဏ်ဘောအလွယ်ရဖို့ သူဒီလိုလုပ်တာတွေကို မျှတအောင် ကာကွယ်ပြောပေးခဲ့ဖူးပါတယ်

အောင်ပွဲဆီ သွားနေချိန်မှာတော့ “နိုင်အောင် ဒါမျိုး လုပ်ရတာပေါ့” ဆိုပြီး ပြောရတာ လွယ်ပေမဲ့ အခုလို ဘရိုက်တန်ရဲ့ ထိုးဆိတ်နှိပ်စက်တာကို ခံနေရချိန်မှာတော့ ဒါကို ကာကွယ်ပြောပေးဖို့ လုံးဝမလွယ်တော့ပါဘူး။ ဒီနေ့မှာ သူလုပ်ခဲ့တာဆိုရင် အပေါ့ပျက်ဆုံးပါပဲ၊ ဘာမှထိခိုက်မှု မရှိဘဲ လဲကျခဲ့တာမို့ ဒိုင်လူကြီးကလည်း မယုံသလို ပြစ်ဒဏ်ဘောလည်း ပေးမသွားခဲ့ပါဘူး

ဒါပေမဲ့ ဂါဘရီယယ်လ်ရဲ့ လုပ်ရပ်ရော ဒက်ကလန် ရိုက်စ်ရဲ့ လုပ်ရပ်ပါ ဒိုင်လူကြီးတွေရဲ့ စိတ်ထဲမှာ မှတ်ထားတတ်ကြတာကြောင့် အသင်းအတွက် မကောင်းတဲ့ နာမည်ဆိုးကိုပဲ ဆက်လက် တည်ဆောက်နေသလို ဖြစ်နေပါတယ်

ဒါဟာ ဒိုင်တွေဆီက မျှတမှု ရရှိဖို့အတွက် အာဆင်နယ်ကို ဘာမှ ကူညီရာမရောက်ပါဘူး။ ပြီးခဲ့တဲ့ အပတ်က ဆန်းဒါးလန်းနဲ့ ပွဲမှာ ဒိုင်လူကြီးအကြောင်း ပြောခဲ့သလိုပါပဲ၊ ဒီလို သေးသေးမွှားမွှား အရာတွေက အချိန်နဲ့အမျှ စုပုံလာပြီး အသင်းကို ပြန်ပြီး ဒုက္ခပေးလာမှာပါ။ အထူးသဖြင့် ဘရိုက်တန်နဲ့ပွဲကလို အာဆင်နယ်ရဲ့ ခြေစွမ်းမျိုးနဲ့ ကွင်းထဲမှာ ပြုမူခဲ့တာကတော့ လုံးဝကို ဆင်ခြေပေးလို့ မရတဲ့ ကိစ္စပါပဲ

Ref: https://www.facebook.com/tkt345/posts/