အင်္ဂလန်ရဲ့ နဝမမြောက်လိဂ်ဖြစ်တဲ့ ချီရှိုင်းယားဒေသအပျော်တမ်းလိဂ်မှာကစားနေတဲ့ Wythenshawe FC ဆိုတဲ့အသင်းရှိပါတယ် ။ အပျော်တမ်းအသင်းဆိုပေမယ့် ပရီးမီးယားလိဂ်ကစားသမားဟောင်း ၁၇ ယောက်အထိ ရှိနေတဲ့အသင်းပါ ။ အကောင်းဆုံးအချိန်တွေကို ကျော်လွန်နေတာ နှစ်ပေါင်းများစွာကြာပြီဆိုပေမယ့် အပျော်တမ်းလိဂ်ကပြိုင်ဘက်တွေအတွက်ကတော့ ထိပ်တန်းအသင်းကြီးတသင်းနဲ့ ကစားနေရသလိုပါပဲ ။ ရလဒ်တွေကိုလည်း ကြည့်လိုက်ပါဦး ၊ ၄-၁ ၊ ၆-၀ ၊ ၁၈-၁ တို့တွေနဲ့ပါ ။ မနှစ်က အမှတ်ပေးချန်ပီယံနဲ့ ရှုံးထွက်ဖလားကိုလည်း ရခဲ့ပါသေးတယ် ။ ဒီအနေအထားနဲ့မှ မရလည်းလို့ပြောရမှာပါ ။ အခုနွေရာသီမှာလည်း ကမ္ဘာ့တာတိုအပြေးချန်ပီယံဟောင်း အူစိန်ဘော့ကိုလည်း ခေါ်ယူထားပါသေးတယ် ( အူစိန်ဘော့က ဘောလုံးကစားနေပါပြီ ) ။
အဆိုပါအသင်းမှာကစားနေတဲ့ ပရီးမီးယားလိဂ်ကစားသမားဟောင်းတွေကတော့ –
လက်စကော့ ၊ အိုနူဟာ ၊ ဂျော့ဘွိုက် ၊ စတီဖင် အိုင်ယာလန် ၊ ပါပစ်ဆီဆေး ၊ အူမာ နီယာဆေး ၊ အီမလီ ဟက်စကီး ၊ ဒန်နီ ဒရင့်ဝါးတား ၊ ဖီဂွယ်ရိုအာ ၊ အန်တိုနီယို ဗလင်စီယာ ၊ အယ်လ်ဘရိုက်တန် ၊ ဂျက်ဖာဆင် မွန်တဲရိုး ၊ ကီရန် ဝက်စ်ဝုဒ် ( ဂိုးသမား ) ၊ ဂျော်ဒန် စတီးဝဒ် ၊ ဒါရင်း ဂစ်ဘ်ဆင် ၊ ရိုနေး ဆော်ယာ ၊ အက်ဒရီယန် မာရီယာပါ တို့ပဲဖြစ်ကြပါတယ် ။
