ဘရူနို ဂီမားရက်စ်ဟာ အသက် ၂၉ နှစ်မှာ ပေါင် ၇၅ သန်းနဲ့ အာဆင်နယ်ဆီ ပြောင်းရွှေ့ခဲ့ပြီး တစ်ပတ်ကို လစာ ပေါင် ၂၅၀,၀၀၀ အထိ ရရှိနေပါတယ်
မာတီးယက်စ် ဖာနန်းဒက်စ်ကတော့ ဇယားအောက်ခြေ တန်းဆင်းဇုံကနေ တန်းဆင်းခဲ့ရပြီး နိုင်ငံတကာ ပွဲထွက်ခွင့်လည်း မရရှိထားဘဲ စပါးအသင်းဆီ ပေါင် ၈၉ သန်းနဲ့ ပြောင်းရွှေ့ခဲ့ကာ တစ်ပတ်ကို လစာ ပေါင် ၂၅၀,၀၀၀ အထိ ပေးချေနေရတာပါ
အန်ဒါဆန်ကလည်း ခြေစွမ်းပြတဲ့ ရာသီတစ်ခုတည်းနဲ့တင် မန်စီးတီးဆီ ပေါင် ၁၁၆ သန်းနဲ့ ရောက်ရှိခဲ့ပြီး တစ်ပတ်ကို လစာ ပေါင် ၃၀၀,၀၀၀ အထိ ရရှိနေပါတယ်
ဘူအာဒီ ဆိုရင်လည်း မန်စီးတီးဆီ ပေါင် သန်း ၁၀၀ ကျော်နဲ့ ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။
ဒါတွေနဲ့ ယှဉ်လိုက်ရင် အသက် ၂၂ နှစ်အရွယ် ကားလို့စ် ဘာလီဘာ ကို ပေါင် ၆၅ သန်းတည်းနဲ့ ရရှိပြီး တစ်ပတ်ကို လစာ ပေါင် ၈၅,၀၀၀ သာ ပေးရတာဟာ တကယ့်ကို တန်ဖိုးမဖြတ်နိုင်တဲ့ အကျိုးအမြတ်တစ်ခုဖြစ်ပြီး ရေရှည်မှာတော့ ဒီအပြောင်းအရွှေ့တွေအားလုံးထဲမှာ အကောင်းဆုံး အပြောင်းအရွှေ့ ဖြစ်လာနိုင်ပါတယ်
