လူစားလဲတဲ့ကစားသမားတွေဟာ ကွင်းအပြင်ကို ၁၀ စက္ကန့်အတွင်းထွက်ခွာပေးရမယ် ၊ ကြန့်ကြာနေပါက လူစားဝင်ကစားမည့်သူဟာ အနည်းဆုံး ၁ မိနစ်စောင့်ဆိုင်းပြီးမှ ကွင်းထဲဝင်ကစားခွင့်ရရှိမှာဖြစ်ပါတယ် ။
Injury ဖြစ်တဲ့ကစားသမားတွေဟာ ကွင်းအပြင်မှာ အနည်းဆုံး ၁ မိနစ်ထွက်နေရပါမယ် ။
ဂိုးလွန်ဘောနဲ့ throw-in တွေအတွက် အချိန် ၅ စက္ကန့်သာအများဆုံးရရှိပါမယ် ။ ပိုမိုကြာမြင့်နေပါက ပြိုင်ဘက်အသင်းကို throw-in ပေးရမှာပါ ၊ ဂိုးလွန်ဘောဆိုရင်တော့ ပြိုင်ဘက်အသင်းက ထောင့်ကန်ဘောကန်ခွင့်ရရှိမှာဖြစ်ပါတယ် ။
ဒုတိယအဝါကတ် ( ၂ ဝါ ၁ နီပြသမှုတွေ ) တွေအတွက် VAR ဖြင့်ပြန်လည်သုံးသပ်မှုပြလုပ်ပါမယ် ။
ကွင်းအတွင်းမှာ ဂိုးသမားတယောက် injury ဖြစ်ပြီး ကုသမှုခံယူရပါက အဆိုပါအသင်းက ကစားသမားတယောက်ဟာ ကွင်းအပြင်ကို အနည်းဆုံး ၁ မိနစ်ထွက်နေပေးရပါမယ် ။ အဆိုပါကစားသမားကို နည်းပြက ၁၀ စက္ကန့်အတွင်းရွေးချယ်မှာဖြစ်ပြီး ဘယ်သူ့ကိုမှ မရွေးချယ်ဖြစ်ပါက အသင်းခေါင်းဆောင်ဟာ ကွင်းအပြင်ကို ထွက်ခွာပေးရမှာဖြစ်ပါတယ် ။
စည်းမျဉ်းအသစ်တွေနဲ့ ပရီးမီးယားလိဂ်ကတော့ စိတ်ဝင်စားစရာတွေ ထပ်မံမြင်တွေ့ရဦးမှာပါ ။
