အသက် ၂၄ နှစ်အရွယ် အင်္ဂလန် တိုက်စစ်ကွင်းလယ်လူ မော်ဂန် ရော့ဂျာစ်ဟာ ရီးရဲလ်ဆိုစီဒက် အသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ ချဲလ်ဆီးအသင်းအတွက် ပထမဆုံး ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။
သူဟာ စတမ်းဖို့ဒ် ဘရစ်ချ်ကွင်းအတွင်း ပထမဆုံးအကြိမ် ပါဝင်ကစားခဲ့တဲ့ ပွဲစဉ်မှာတင် ပွဲစလို့ ၁၀ မိနစ်အကြာမှာပဲ ချဲလ်ဆီး အသင်းအတွက် အဖွင့်ဂိုးကို စတင် သွင်းယူကာ အိမ်ကွင်း ပရိသတ်တွေရှေ့မှာ ခြေစွမ်းပြသသွားခဲ့တာ ဖြစ်ပါတယ်။