အမြဲတမ်း ပြုံးနေတတ်တဲ့ ကစားသမားတဦးရဲ့ မျက်နှာပေါ်က အပြုံးတွေ ပျောက်ကွယ်နေခဲ့ပါပြီ

အက်သလက်တီကို မက်ဒရစ်အသင်းတစ်သင်းလုံးက ပြင်သစ်နိုင်ငံကို ခြေစမ်းပွဲကစားဖို့ ထွက်ခွာသွားခဲ့ပေမယ့် ဂျူလီယန် အယ်လ်ဗာရက်ဇ်ကတော့ အက်သလက်တီကိုရဲ့ လေ့ကျင့်ရေးစခန်းမှာ တစ်ယောက်တည်း ကျန်ရစ်ပြီး လေ့ကျင့်ခန်းဆင်းခဲ့ရပါတယ်။

အာဂျင်တီးနား မီဒီယာအချို့ရဲ့ ဖော်ပြချက်တွေအရ ဂျူလီယန်ဟာ လက်ရှိအခြေအနေကြောင့် စိတ်ပိုင်းဆိုင်ရာအရ အတော်လေး ထိခိုက်နေတယ်လို့ သိရပါတယ်။

အာဂျင်တီးနားတိုက်စစ်မှူးဟာ အက်သလက်တီကို မက်ဒရစ်ကနေ ထွက်ခွာချင်နေပြီး၊ သူ့ရဲ့ဆန္ဒကို အသင်းဘုတ်အဖွဲ့ထံ တရားဝင်အသိပေးထားသလို ဘာစီလိုနာအသင်းအတွက် ကစားချင်တယ်ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း ပြောကြားထားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အက်သလက်တီကိုဘက်ကတော့ ဂျူလီယန် အယ်လ်ဗာရက်ဇ်ကို ရောင်းချဖို့ လုံးဝရည်ရွယ်ချက်မရှိသေးပါဘူး။ အချိန်တွေ တစ်ရက်ပြီးတစ်ရက် ကုန်လွန်လာလေလေ အသင်းကနေ ထွက်ခွာနိုင်မယ့် အလားအလာက ပိုပြီးဝေးကွာလာသလို ဖြစ်နေပါတယ်။

အခု ဂျူလီယန်ရဲ့ မျက်နှာကိုကြည့်လိုက်ရုံနဲ့ သူဖြတ်သန်းနေရတဲ့ အခြေအနေကို သိနိုင်လောက်ပါတယ်။

“အမြဲတမ်း ပြုံးနေတတ်တဲ့ ကစားသမားတဦးရဲ့ မျက်နှာပေါ်က အပြုံးတွေ ပျောက်ကွယ်နေခဲ့ပါပြီ.. …”

Ref: https://www.facebook.com/duwun.sports