ဒီနေ့ မနက်ပိုင်းက ကျင်းပခဲ့တဲ့ မကျေပွဲအတွက် သတင်းစာရှင်းလင်းပွဲမှာတော့ ဗန်နဲ့ ပန်တိုဂျာတို့ကြား စကားလုံး အပြိုင်အဆိုင် ပြောဆိုမှုတွေ ဖြစ်ပေါ်ခဲ့ပြီး မီဒီယာခန်းတစ်ခုလုံး ဆူပွက်သွားခဲ့ရပါတယ် ပန်တိုဂျာက သူ့ရဲ့ ဘဝဖြတ်သန်းမှု ဇာတ်ကြောင်းတွေကို ရှည်လျားစွာ ထုတ်ဖော် ပြောဆိုနေတာကို ငြီးငွေ့လာခဲ့တဲ့ ဗန်က ကြားဖြတ် ဝင်ရောက်ပြောဆိုလိုက်တာကြောင့် နှစ်ဦးကြား ပဋိပက္ခ အပူချိန် ကောင်းကောင်း မြင့်တက်သွားခဲ့တာပါ
ဗန်က ရှေ့လာမယ့် စက်တင်ဘာ ၁၉ ရက်နေ့မှာ ယှဉ်ပြိုင်မယ့် ပွဲစဉ်အကြောင်းကိုပဲ တိုက်ရိုက် ပြောဆိုဖို့ ကြားဖြတ် စိန်ခေါ်လိုက်ချိန်မှာတော့ ပန်တိုဂျာတစ်ယောက် အတော်လေး စိတ်တိုသွားခဲ့ရပါတယ် တစ်ယောက်ယောက် စကားပြောနေတဲ့ အချိန်ဆို ပါးစပ်ပိတ်ထားဖို့ ပန်တိုဂျာက ဒေါသတကြီး သတိပေးလိုက်ပေမဲ့လည်း ဗန်ဘက်က စိတ်လှုပ်ရှားခြင်း မရှိဘဲ ပန်တိုဂျာအနေနဲ့ ဘာမှ မလုပ်နိုင်ကြောင်း ပြန်လည် တုံ့ပြန်ခဲ့တာပါ ဒါ့အပြင် ငြိမ်ငြိမ်ထိုင်နေဖို့နဲ့ ချန်ပီယံ ခါးပတ်ဟာ သူ့လက်ထဲမှာ ရှိနေတာကြောင့် ပြန်ရချင်ရင် အစွမ်းကုန် ကြိုးစားလာဖို့ပါ ဗန်က စိန်ခေါ်သွားခဲ့ပါတယ်
ဒီလို ပွဲမစမီ သတင်းစာရှင်းလင်းပွဲမှာတင် အပြန်အလှန် စကားလုံး တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် လာမယ့် စက်တင်ဘာ ၁၉ ရက်နေ့မှာ ကျင်းပမယ့် မကျေပွဲစဉ်ဟာ ပရိသတ်တွေအတွက်တော့ မကြည့်မဖြစ် ကြည့်ရမယ့် ပွဲကြီးပွဲကောင်း ဖြစ်လာခဲ့ရပါပြီ ..
