“တိတ်တဆိတ်ကြိုးစားပါ ၊ အောင်မြင်မှုက မင်းရဲ့ ဆူညံသံဖြစ်ပါစေ”
Harry Kane
၂၀၂၆ ရွှေဘောလုံးဆုကို ဟယ်ရီကိန်း ဆွတ်ခူးခဲ့တယ် ။ အားလုံးနီးပါးသဘောတူတဲ့ ရွေးချယ်မှုတခု ဖြစ်ခဲ့တယ် ။ ဟယ်ရီကိန်းနဲ့ သူ့မိသားစုဝင်တွေ ၊ သူ့ရဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အသင်းဖော်တွေ အတွက် ဂုဏ်ယူစရာ အခိုက်အတန့်ပါပဲ ။
ဒီအောင်မြင်မှုဟာ ဘွန်ဒစ်လီဂါအတွက် ၊ ဘိုင်ယန်မြူးနစ်အတွက် ၊ ထပ်ပြီးပြောရရင် ရောဘတ် လီဝန်ဒေါ့စကီးအတွက် ကိုယ်စားပြုခဲ့တာလို့လည်း ဆိုရမှာပါ ။ ၂၀၂၀ တုန်းက ကိုဗစ်ကြောင့် ရွှေဘောလုံးဆုကို မရလိုက်တဲ့ လီဝန် ၊ ၁၉၉၆ ကတည်းက ရွှေဘောလုံးဆုရှင် မထွက်ပေါ်ခဲ့တဲ့ ဘွန်ဒစ်လီဂါ ၊ ၁၉၈၀ နဲ့ ၈၁ ခုနှစ်တွေက ရူမင်နစ်ဂီ နောက်ပိုင်း ကမ္ဘာ့အကောင်းဆုံးကစားသမားအတွက် အောင်ပွဲမခံရသေးတဲ့ ဘိုင်ယန်မြူးနစ်တို့အတွက် ဟယ်ရီကိန်းက ရွှေဘောလုံးဆု ရယူပေးခဲ့သလိုပါပဲ ။ မနေ့ညမှာတော့ လန်ဒန်မြို့က လက်ခုပ်သံတွေဟာ မြူးနစ်မြို့အထိ ၊ ဘွန်ဒစ်လီဂါအထိ ၊ မေဂျာလိဂ်အထိ ပြန့်နှံ့ခဲ့ပါပြီ..