အာဆင်နယ်ကို ပိုပြီးပြည့်စုံသွားစေခဲ့တဲ့ အီဇရီ ကွန်ဆာ ရဲ့ အပြောင်းအရွှေ့

အက်စတွန်ဗီလာနောက်ခံလူ အီဇရီ ကွန်ဆာကို ခေါ်ယူနိုင်ခဲ့တဲ့သတင်းဟာ အာဆင်နယ်ဖန်တွေကို စိတ်ကျေနပ်မှုအပြည့်ပေးစွမ်းနိုင်စေခဲ့မှာပါ ။ ဆလီဘာနဲ့ တင်းဘားတို့ မကစားနိုင်သေးတဲ့အချိန်မှာ အင်္ဂလန်လက်ရွေးစင်နောက်ခံလူကို ပေါင် သန်း ၅၀ + အပိုဆုကြေးတို့နဲ့ ခေါ်ယူနိုင်ခဲ့တာပဲဖြစ်ပါတယ် ။ ကွန်ဆာဟာ အေးဇေး ၊ ဆာကာတို့နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးတွေရှိနေပြီး ဒီရင်းနှီးမှုတွေဟာ အာဆင်နယ်ကို ပြောင်းလာစေဖို့ အရေးပါခဲ့ပါတယ် ။ ကွန်ဆာရောက်ရှိလာမှုဟာ အာဆင်နယ်ရဲ့ ကစားသမားအင်အားကို ပိုမိုကောင်းမွန်လာစေမှာအမှန်ပါပဲ ။

မီကေး အာတီတာရဲ့ အသင်းကတော့ တဖြည်းဖြည်းနဲ့ ပြီးပြည့်စုံသထက် ပြည့်စုံလာခဲ့ပါပြီ ။

Ref: https://www.facebook.com/sportsdailymm/posts/