တော့ဘိုလေ အသင်းကထွက်သွားရင် ပိုင်ရှင်တစ်ဦးတည်းသာ ပိုင်ဆိုင်မယ့် ချဲလ်ဆီး

ချဲလ်ဆီးအသင်းကို ပေါင် ၂.၅ ဘီလီယံနဲ့ ဝယ်ယူခဲ့ပြီးနောက် ပိုင်ရှင်အုပ်စုအနေနဲ့ အချင်းချင်းပူးပေါင်းပြီး အသင်းကို ရေရှည်တည်ဆောက်လာခဲ့ကြတာ အခုဆိုရင် ၄ နှစ်ကျော်လာပါပြီ။ ဒါပေမယ့် လက်ရှိမှာတော့ ပိုင်ရှင်အုပ်စုအတွင်း အပြောင်းအလဲကြီးတစ်ခု ဖြစ်လာနိုင်တဲ့ သတင်း ထွက်ပေါ်လာပါတယ်။

Telegraph ရဲ့ သတင်းအရ တော့ဘိုလေနဲ့ မာ့ခ်ဝေါ်လ်တာတို့ဟာ သူတို့ပိုင်ဆိုင်ထားတဲ့ ချဲလ်ဆီးရှယ်ယာတွေကို Clearlake Capital ထံ ရော-င်းချဖို့အတွက် ဖွင့်လှစ်စဉ်းစားနေတယ် လို့ သိရပါတယ်။

ဒီကိစ္စသာ အမှန်တကယ် အကောင်အထည်ဖော်နိုင်ခဲ့ရင် ချဲလ်ဆီးရဲ့ ပိုင်ရှင်ဖွဲ့စည်းပုံဟာ လက်ရှိထက် အများကြီး ရိုးရှင်းသွားနိုင်ပါတယ်။ Clearlake Capital က အသင်းရဲ့ အဓိကဆုံးဖြတ်ချက်တွေအပေါ် ပိုမိုသြဇာကြီးလာနိုင်ပြီး အသင်းရဲ့ အနာဂတ်စီမံကိန်းတွေကိုလည်း ပိုပြီး တစ်လမ်းတည်း ဦးတည်နိုင်ဖို့ အခြေအနေကောင်းလာနိုင်ပါတယ်။

တစ်ဖက်မှာလည်း ဒီသတင်းရဲ့ အကြီးမားဆုံးအချက်က ချဲလ်ဆီးရဲ့ တန်ဖိုး ပေါင် ၅ ဘီလီယံကျော်အထိ ရောက်ရှိလာနိုင်တယ် ဆိုတာပါ။ အသင်းကို ဝ-ယ်ယူခဲ့တုန်းက တန်ဖိုးနဲ့ နှိုင်းယှဉ်လိုက်ရင် ပိုင်ဆိုင်မှုတန်ဖိုးက တော်တော်လေး မြင့်တက်လာတာကို တွေ့ရမှာပါ။

သို့ပေမယ့် ဒါဟာ ရော-င်းချဖို့ သဘောတူပြီးသွားပြီဆိုတဲ့ သတင်းတော့ မဟုတ်သေးပါဘူး။ လက်ရှိအချိန်မှာ အလားအလာနဲ့ ဆွေးနွေးမှုအဆင့်မှာပဲ ရှိနေသေးတာကြောင့် နောက်ဆုံး ဘယ်လိုပုံစံနဲ့ အဆုံးသတ်မလဲဆိုတာကို ဆက်ပြီးစောင့်ကြည့်ရမှာပါ။

ချဲလ်ဆီးပရိသတ်တွေအတွက်တော့ ကွင်းထဲက ကစားသမားအပြောင်းအရွှေ့တွေထက် ကွင်းပြင်ပက ပိုင်ရှင်အပြောင်းအလဲ က ပိုပြီး စိတ်ဝင်စားစရာကောင်းလာတဲ့ အချိန်တစ်ခုလို့ ပြောရမှာပါ။

Ref: https://www.facebook.com/profile.php?id=100087168873391