အမှန်ကန်ဆုံးခေါ်ယူမှု ပြုလုပ်ခဲ့တဲ့ လီဗာပူးလ်

ဘာစီလိုနာဗဟိုခံစစ်မှူး ရော်နယ်အရူဟိုကို တစ်ရာသီအငှားနဲ့ခေါ်ယူဖို့ လီဗာပူးလ်ဟာ သဘောတူညီမှုရရှိခဲ့ပါပြီ။
‎
‎အရူဟိုဟာ ဘာဆာမှာ လူပိုတစ်ယောက်လိုဖြစ်နေချိန် ဗဟိုနောက်ခံလူတစ်ယောက် အရေးတကြီးလိုအပ်နေတဲ့ကြိုးကြာတွေက ခေါ်ယူပေးလိုက်တာမို့ နှစ်ဦးနှစ်ဘက်အကျိုးရှိတဲ့ အပြောင်းအရွှေ့တစ်ခုဖြစ်ပြီး လီဗာပူးလ်အတွက်ဆိုရင် ပိုလို့တောင်တန်ပါတယ်။
‎
‎အကြောင်းရင်းကတော့ အရူဟိုဟာ တို-က်ရည်ခို-က်ရည်ပြည့်ဝတဲ့ နောက်ခံလူတစ်ယောက်ဖြစ်တာနဲ့အညီ သူ့ရဲ့အကောင်းဆုံးအရည်အသွေးက နေရာလွတ်ဖာထေးမှုနဲ့ အမြင့်ဘောပိုင်နိုင်မှုပါ။ ဒါဟာ အီဘရာဟီမာကိုနာတေးနဲ့တုန်းက ကြိုးကြာကလပ်မှာ ပျောက်ဆုံးနေတဲ့အရာပါ။
‎
‎သူ့လိုမျိုး အတွေ့အကြုံရင့်ဗဟိုခံစစ်မှူးတစ်ယောက်အတွက် ငွေကြေးမြောက်မြားစွာသုံးစွဲဖို့ကျတော့လည်း အဓိပ္ပါယ်မရှိပြန်ဘူး။ အကြောင်းရင်းကတော့ အသင်းမှာ ဂျက်ကတ်၊ လီယွန်နီတို့လို တိုးတက်လာမယ့်လူငယ်တွေရှိနေတဲ့အပြင် အန်ဒီယာယီ၊ အန်ဒူကွီတို့ကလည်း အနာဂတ်မှာအားကိုးရနိုင်ပါတယ်။
‎
‎ဒီနေရာမှာ အရူဟိုရဲ့ တစ်ခုတည်းသောပြဿနာက စိတ်ဓါတ်ပိုင်းပါပဲ။ ပြီးခဲ့တဲ့(၃)နှစ်အတွင်း သူဟာ ဆုံးဖြတ်ချက်မှားယွင်းခြင်းနဲ့ အာရုံစူးစိုက်မှုလျော့နည်းခြင်းတို့ကြောင့် ခြေစွမ်းပိုင်းမတည်မငြိမ်ဖြစ်နေရတာပါ။ သူ့အနေနဲ့ အဲဒီစိတ်ပိုင်းဆိုင်ရာပြဿနာကို ပြင်ဆင်ဖာထေးနိုင်မယ်ဆိုရင် အရာအားလုံးအဆင်ပြေသွားလိမ့်မယ်။
‎
‎ပတ်ဝန်းကျင်သစ်ဖြစ်တဲ့လီဗာပူးလ်မှာ အရူဟိုဟာ စိတ်သစ်လူသစ်နဲ့ အကောင်းဆုံးခြေစွမ်းပြသပြီး အသင်းသစ်ကိုကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Ref: https://www.facebook.com/ibet789.goldensport/posts/