တချိန်တုန်းက ပရီးမီးယားလိဂ်မှာ အသင်းကြီးအားလုံးကိုကျော်ပြီး အံ့အားသင့်ဖွယ် အမှတ်ပေးချန်ပီယံဖြစ်ခဲ့တဲ့ လက်စတာစီးတီးအသင်းကို အသင်းပိုင်ရှင်တွေက ရောင်းထုတ်သွားတော့မယ်လို့ သိရပါတယ် ။ ပရီးမီးယားလိဂ်ကနေ ချန်ပီယံရှစ် ၊ ချန်ပီယံရှစ်ကနေ လိဂ်ဝမ်းအထိ တန်းဆင်းသွားရအပြီးမှာတော့ အသင်းပိုင်ရှင် အီယာဝတ်ဟာ အသင်းကို ရောင်းချဖို့ စိတ်ကူးလိုက်ပြီလို့ သိရပါတယ် ။ ပေါင် သန်း ၂၀၀ လောက်ရရှိဖို့ မျှော်လင့်ထားပေမယ့် တကယ်တမ်းမှာတော့ ပေါင် သန်း ၁၅၀ ခန့်သာရနိုင်မယ်လို့ သုံးသပ်ထားကြပါတယ် ။
ဖခင်ကြီး ဗီချိုင်းလက်ထက်တုန်းက ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့အထိ အောင်မြင်ခဲ့တဲ့လက်စတာစီးတီးဟာ ဗီချိုင်းကွယ်လွန်သွားပြီးနောက်မှာတော့ တဖြည်းဖြည်းကျဆင်းလာခဲ့ကာ အခုဆိုရင် အင်္ဂလန်ဘောလုံးလောကရဲ့ တတိယတန်းလိဂ်ကိုပင် ရောက်ရှိသွားခဲ့ပါပြီ ။ မာရက်ဇ် ၊ ကန်တီ ၊ ဂျေမီဗာဒီ ၊ မက်ဂွဲယား ၊ ဘန်ချီဝဲလ် ၊ ရှမိုက်ကယ်တို့လို ကစားသမားတွေနဲ့ တချိန်တုန်းက လက်စတာစီးတီးအသင်း ဒီလိုအနေအထားကို ရောက်ရှိသွားတာက တကယ်ကို စိတ်မကောင်းစရာပါပဲ
