အမှတ်ပေးချန်ပီယံဆုနဲ့ နှစ်‌ပေါင်း ၂၀ ကြာ ဝေးကွာခဲ့ရတဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ၂၀၀၃-၀၄ ရာသီမှာ ရှုံးပွဲမရှိ အမှတ်ပေးချန်ပီယံဖြစ်ခဲ့တယ် ။ ၂၀၀၆ မှာ ချန်ပီယံလိဂ်ဖိုင်နယ်ကို ရောက်တဲ့အထိ အရှိန်အဟုန်ကောင်းနေခဲ့ပါသေးတယ် ။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ကွင်းသစ်စီမံကိန်းကြောင့် ကစားသမားခေါ်ယူတဲ့နေရာမှာ စိတ်သွားတိုင်း ကိုယ်မပါနိုင်ခဲ့တဲ့ အာဆင်နယ်တို့ ချဲလ်ဆီး ၊ မန်စီးတီး ၊ မန်ယူတို့ကို မယှဉ်နိုင်ဘဲ အမှတ်ပေးချန်ပီယံဆုနဲ့ နှစ်‌ပေါင်း ၂၀ ကြာ ဝေးကွာခဲ့ရတာကို အားလုံးသိပြီး ဖြစ်မှာပါ ။

တကယ်လို့ အာဆင်နယ်သာ လက်ရှိနာမည်ကြီးနေတဲ့အသင်းရဲ့ လမ်းမျိုးကိုလျောက်ခဲ့မယ်ဆိုရင် ကွင်းသစ်ကြီးလည်း အမြန်ပြီးမယ် ၊ ကစားသမားကောင်းတွေလည်း ဆက်ရှိမယ် ၊ ထိပ်တန်းကစားသမားတွေလည်း ရောက်လာမယ် ၊ အာဆင်ဝင်းဂါးလည်း နောက်ထပ် ပရီးမီးယားလိဂ်ဖလားတွေ ထပ်ရမယ် ၊ ချန်ပီယံလိဂ်တို့ ဖလား ၃ လုံးအောင်မြင်မှုတို့လည်း ရချင်ရလာဦးမှာပါ ။ ဒါပေမယ့် အာဆင်းဟာ သိက္ခာရှိတဲ့လမ်းကိုပဲ ရွေးခဲ့ပါတယ် ။ ၁၉၉၉ အက်ဖ်အေဖလားပွဲမှာ Fair Play ကို ဂိုးသွင်းမိလို့ အနိုင်ရခဲ့မှုအပေါ် မမျှတဘူးလို့ ခံစားမိခဲ့တာကြောင့် ပြန်ကစားပေးဖို့ တောင်းဆိုခဲ့တဲ့ နည်းပြကြီးဟာ အောင်မြင်မှုကို ဖြတ်လမ်းကနေ ရယူဖို့ လုံးဝမကြိုးစားခဲ့တာကတော့ အာဆင်နယ်ဖန်တွေအတွက် တကယ့်ကို ဂုဏ်ယူစရာပါပဲ

Ref: https://www.facebook.com/sportsdailymm/posts/