မက်ဆီကို ဂုဏ်ပြုနှုတ်ဆက်မယ့် အာဂျင်တီးနား

အာဂျင်တီးနားဘောလုံးဖန်တွေအတွက် အခမ်းနားဆုံးနဲ့ ဝမ်းနည်းစရာအကောင်းဆုံးရက်သတ္တပတ်ကို ရောက်ရှိလာတော့မှာပါ ။ လာမယ့် ရက်အနည်းငယ်မှာ မက်ဆီ အာဂျင်တီးနားကို ရောက်လာမယ် ။ နိုင်ငံရဲ့ အကြီးဆုံးတက္ကသိုလ်ကနေ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို ပေးအပ်ချီးမြှင့်ဂုဏ်ပြုမယ် ။ ပြီးရင် ရေးဗားပလိတ်အသင်းရဲ့ ကွင်းကြီးထဲမှာ အာဂျင်တီးနားကစားသမားဘဝ နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားသွားပါမယ် ။ ၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်းသားတွေ ၊ မက်ဆီရဲ့ အသင်းဖော်ဟောင်းတွေ ၊ နည်းပြဟောင်းတွေ ၊ လက်ရှိအသင်းဖော်တွေအားလုံးနီးပါး ပါဝင်လာကြမှာ ဖြစ်ပြီး အာဂျင်တီးနားဖန်တွေကလည်း ကွင်းအပြင်ဘက်မှာ ပြည့်လျှံနေအောင် အားပေးကြဦးမှာပါ ။ တကမ္ဘာလုံးက မက်ဆီကိုချစ်တဲ့သူတွေ နဲ့ အာဂျင်တီးနားဖန်တွေသာမက ဘောလုံးဝါသနာရှင်တွေကပါ စိတ်ဝင်တစား စောင့်ကြည့်နေကြမှာလဲ မလွဲဧကန်ပါပဲ ။ ဒါပြီးသွားရင်တော့ မက်ဆီနဲ့ အာဂျင်တီးနားအသင်းတို့ကို အတူမြင်တွေ့ရတော့မှာ မဟုတ်ပါဘူး ။ ဒါက တကယ် ဝမ်းနည်းစရာကောင်းပါတယ် ။ ဒါပေမယ့် အရာအားလုံးက ရှေ့ဆက်သွားနေကြတာဖြစ်လို့ တနေ့နေ့ တချိန်ချိန်မှာတော့ ဒီလိုနေ့မျိုးတွေက မလွဲမသွေရောက်ရှိလာမှာပါ ။ ဒါကြောင့် မက်ဆီရဲ့ အာဂျင်တီးနားကစားသမားဘဝ နောက်ဆုံးဂုဏ်ပြုနှုတ်ဆက်ပွဲကို အပြည့်အဝ အားပေးခံစားလိုက်ကြရအောင်…

Ref: https://www.facebook.com/sportsdailymm/posts/