နောက်ဆုံးအချိန်မှာ အဖွဲ့ချုပ်ဘက်က ရော်နယ်ဒိုကို ပြန်လည်ဆွဲခေါ်နိုင်မလား

ရော်နယ်ဒိုနဲ့ ပတ်သက်ပြီး ပေါ်တူဂီဘက်က အရေးပေါ်အစည်းအဝေးလုပ်မယ်ဆိုတဲ့ သတင်းတွေ ထွက်နေခဲ့ပေမယ့် ရော်နယ်ဒိုကတော့ သူ့အစီအစဉ်ကို ပြောင်းလဲထားပုံ မပေါ်သေးပါဘူး

ရော်နယ်ဒိုဟာ ဒီနေ့ပဲ ဆော်ဒီကို ပြန်သွားဖို့ လေယာဉ်စီစဉ်ပြီးသား ဖြစ်နေပါတယ်

လက်ရှိအခြေအနေမှာတော့ နှစ်ဖက်ကြား ထပ်မံတွေ့ဆုံညှိနှိုင်းမယ့် အစီအစဉ် မရှိတော့တဲ့ပုံ ဖြစ်နေပါတယ်

ရော်နယ်ဒိုက ထွက်မယ် ဂျေဇူးကလည်း သူ့ဘက်က အကြောင်းပြချက်ကို ပြောမယ်

ဒီလိုပုံစံနဲ့ တစ်ခန်းရပ်သွားမယ့် အခြေအနေက ပရိသတ်တွေအတွက် စိတ်မကောင်းစရာ ဖြစ်လာပါတယ်

နောက်ဆုံးအချိန်မှာ အဖွဲ့ချုပ်ဘက်က တောင်းပန်ပြီး ရော်နယ်ဒိုကို ပြန်လည်ဆွဲခေါ်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ

ပေါ်တူဂီဘောလုံးသမိုင်းမှာ အကြီးမားဆုံးနာမည်တစ်ခု ဖြစ်ခဲ့တဲ့ ရော်နယ်ဒိုရဲ့ နောက်ဆုံးစာမျက်နှာကတော့ တိတ်တိတ်လေးနဲ့ အဆုံးသတ်သွားမလားဆိုတာ အားလုံးက စောင့်ကြည့်နေကြပါပြီ

Ref: https://www.facebook.com/tkt345/posts/