ဘွန်ဒစ်လီဂါသမိုင်းတလျောက် အမြန်ဆုံးပေးဂိုးကို ဖန်တီးပေးခဲ့တဲ့ နော်ယာ

ဟုတ်ပါတယ် ။ ဂိုးသွင်းတာမဟုတ်ပါဘူး ၊ ဂိုးပေးလိုက်ရတာပါ ။ ဘိုင်ယန်က စပေးဘောလုံးကိုရတယ် ၊ နောက်ကို ပြန်ပေးလိုက်တယ် ၊ ဒါကို နော်ယာက ပြန်ပေးချိန်မှာ အော့စ်ဘာ့ဂ်ကစားသမားနဲ့ထိပြီး ဘယ်သူမှ မရှိတဲ့ဂိုးထဲကို လွတ်လွတ်လပ်လပ် ကန်သွင်းခွင့် ရရှိစေခဲ့တာပါ ။ ၇ စက္ကန့်နဲ့ ၈ စက္ကန့်ကြားမှာ ဂိုးပေးလိုက်ရတာဖြစ်ပြီး ဘွန်ဒစ်လီဂါသမိုင်းတလျောက် အမြန်ဆုံးသွင်းဂိုး ဖြစ်လာစေခဲ့ပါတယ် ။ ပြောရရင်တော့ နော်ယာတယောက် ဒီဘက်နှစ်တွေမှာ အရင်လို ထိပ်တန်းအဆင့် လက်စွမ်းတွေ မရှိတော့ပါဘူး ။ ဒါပေမယ့် နိုင်ငံအသင်းမှာလည်း ကမ္ဘာ့ဖလားကို ဝင်ကစားသွားခဲ့သလို ဘိုင်ယန်မြူးနစ်မှာလည်း ပွဲထွက်ဂိုးသမားအဖြစ် ကစားနေတုန်းပါပဲ ။ ဘယ်အချိန်နားမလဲဆိုတာကို ကောင်းကောင်းသိတဲ့သူကဟာ လူတော်တယောက်ပါ ၊ နော်ယာလည်း လူတော်တယောက် ဖြစ်သင့်နေပြီ ထင်တာပါပဲ ။

Ref: https://www.facebook.com/sportsdailymm/posts/