ဘရိုက်တန်ကို ဂိုးပြတ်ရှုံးတဲ့ အာဆင်နယ်

ဘရိုက်တန်ကို ဂိုးပြတ်ရှုံးလိုက်တာကြောင့် အာဆင်နယ်တို့ ဒုတိယနေရာကို ဆင်းပေးလိုက်ရပါတယ် ။ ချဲလ်ဆီးလည်း နိုင်ပွဲရတဲ့အသင်းတွေက ကျော်တက်ကုန်တာ‌ကြောင့် အဆင့် ၉ အထိ ရောက်နေပါပြီ ။ အခုညပွဲတွေပြီးရင် အဆင့် ၁၀ အပြင်ကို ရောက်ဖို့များပါတယ် ။ စပါးအသင်းကတော့ နိုင်ပွဲလုံးဝ မရရှိသေးတာနဲ့အညီ တန်းဆင်းဇုန်ထဲမှာ ရောက်နေပြီး သူ့အောက်မှာ ဖူလ်ဟမ်တသင်းသာရှိ‌တော့တာပါ ။ ဒီညသာ ဖူလ်ဟမ်နိုင်သွားခဲ့ရင်တော့ စပါးတို့ အဆင့် ၂၀ နဲ့ နိုင်ငံတကာပွဲစဉ်ကာလကို ဖြတ်သန်းရတော့မှာဖြစ်ပါတယ်

Ref: https://www.facebook.com/sportsmyanmarr/posts/