ဒိုင်လူကြီးဟောင်းကို ဂုဏ်ပြုဖို့ ပွဲရပ်ပြီး ဘီယာသောက်ခဲ့ကြ

ဒိုင်လူကြီးဟောင်းကို ဂုဏ်ပြုဖို့ ပွဲရပ်ပြီး ဘီယာသောက်ခဲ့ကြတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဝါဒါဘရီမင် ဂန္တဝင်များ

ရီးရဲလ်မက်ဒရစ်နဲ့ ဝါဒါဘရီမင် ဂန္တဝင်အသင်းတို့ရဲ့ပွဲမှာ တကယ် ထူးဆန်းပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

အဆိုပါ ပွဲရဲ့ ပွဲချိန် ၃၂ မိနစ်မှာ ကစားသမားတွေကို ဘီယာတွေ တည်ခင်းဧည့်ခံနိုင်ဖို့အတွက် ပွဲကို ခေတ္တရပ်နားခဲ့တာ ဖြစ်ပါတယ်။

ဒီလို break လုပ်ခဲ့ရတာဟာ ၁၉၇၅ ခုနှစ် ဘရီမင်အသင်း ပွဲစဉ်တစ်ခုမှာ ပွဲချိန် ၃၂ မိနစ်နဲ့တင် ပထမပိုင်း ဝီစီ မှားမှုတ်တဲ့၊ အရက်မူး ဒိုင်လူကြီးဟောင်း Wolf-Dieter Ahlenfelder ကို ဂုဏ်ပြုသောအားဖြင့် ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီတုန်းက ယင်းဒိုင်လူကြီးဟောင်းဟာ ပွဲမစမီ နေ့လယ်စာ စားချိန်အတွင်း ရှက်ကီကစ်ထားခဲ့မိတယ်လို့ နောက်ပိုင်းမှာ ဝန်ခံခဲ့ဖူးပါတယ်။

Ref: https://www.facebook.com/sportsmyanmarr/posts/