မန်စီးတီးတိုက်စစ်မှူး ဟာလန်းကတော့ ဂင်းနစ်စံချိန်ဝင်ခဲ့တဲ့ မှတ်တမ်း ၄ ခုအတွက် အသိအမှတ်ပြုလက်မှတ်တွေကို အီတီဟတ်ကွင်းမှာ လက်ခံရယူခဲ့ပါပြီ။
• “ပရီးမီးယားလိဂ် ဂိုး ၁၀၀ အမြန်ဆုံးပြည့်သူ” — ပွဲပေါင်း ၁၁၁ ပွဲသာ ကစားပြီး ဂိုး ၁၀၀ ပြည့်ခဲ့တာဖြစ်ပြီး ၂၀၂၅ ဒီဇင်ဘာမှာ စံချိန်တင်နိုင်ခဲ့ပါတယ်။
• “ပရီးမီးယားလိဂ် တစ်ရာသီအတွင်း ဂိုးအများဆုံးသွင်းသူ” — ၂၀၂၂/၂၃ ရာသီ ပထမဆုံးပရီးမီးယားလိဂ်ရာသီမှာပဲ ၃၆ ဂိုး သွင်းယူခဲ့ပါတယ်။
• “Nations League ဂိုးသွင်းအများဆုံးကစားသမား” — နော်ဝေအတွက် Nations League ပြိုင်ပွဲမှာ ၁၉ ဂိုး သွင်းယူထားပါတယ်။
• “ချန်ပီယံလိဂ်ပွဲတစ်ပွဲအတွင်း ဂိုးအများဆုံးသွင်းသူ” — RB Leipzig နဲ့ပွဲမှာ တစ်ပွဲတည်း ၅ ဂိုး သွင်းယူခဲ့ပြီး လီယွန်နယ် မက်ဆီနဲ့ လူးဝစ် အက်ဒရီယာနိုတို့နဲ့အတူ ဒီစံချိန်ကို ပိုင်ဆိုင်ထားပါတယ်။
ကမ္ဘာ့ဖလားမှာလည်း ခြေစွမ်းပြခဲ့ပြီး ပရိသတ်အများအပြား တိုးပွားခဲ့တဲ့ နော်ဝေစက်ရုပ်ကြီးအတွက် ဂုဏ်ယူစရာ မှတ်တမ်းတွေပါပဲ။
