၂၀၂၇ မှာ ရော်နယ်ဒိုရဲ့ သားဖြစ်သူ ဂျူနီယာကို ပေါ်တူဂီ လက်ရွေးစင်အသင်းကြီးအတွက် ခေါ်ယူဖို့ စဉ်းစားနေပြီ

ပေါ်တူဂီကတော့ ရော်နယ်ဒိုကို လက်ရွေးစင်အသင်းကနေ အနားမယူရအောင် စတင်ကြိုးစားနေပါပြီ။ ၂၀၂၇ မှာ ရော်နယ်ဒိုရဲ့ သားဖြစ်သူ ဂျူနီယာကို ပေါ်တူဂီ လက်ရွေးစင်အသင်းကြီးအတွက် ခေါ်ယူဖို့ စဉ်းစားနေပြီဆိုပြီး သတင်းတွေထွက်ပေါ်လာပါပြီ။

တကယ်လို့သာ အဲဒီသတင်းက အမှန်တကယ်ဖြစ်ခဲ့မယ်ဆိုရင် ရော်နယ်ဒိုသားအဖကို ပေါ်တူဂီလက်ရွေးစင်ဂျာစီနဲ့အတူ အသင်းဖော်တွေအဖြစ် မြင်တွေ့လာရတော့မှာပါ။ ဒါဟာ ရော်နယ်ဒိုက လက်ရွေးစင်အသင်းက အနားယူသွားခဲ့ရင် ဘဏ္ဍာရေးအရ အများကြီးထိခိုက်မှု ရှိလာနိုင်တာကို ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်ဘက်က ရသလောက် အချိန်ဆွဲထားဖို့ ကြိုးစားမှုရဲ့ အကြောင်းအရင်းတခုအဖြစ် ပရိသတ်တွေက ယူဆနေပါတယ်။

ဂျူနီယာကို ရွေးချယ်ခဲ့မယ်ဆိုရင် ရော်နယ်ဒိုက သားဖြစ်သူနဲ့အတူ အသင်းဖော်တွေအဖြစ် ကစားနိုင်မယ့် အခွင့်အရေးရှိလာနိုင်လို့ အနားယူမယ့် အစီအစဉ်ကို ပြန်စဉ်းစားဖွယ် ရှိလာနိုင်ပါတယ်။ အသက်အရွယ်အရ သူ့ရဲ့ စွမ်းဆောင်ရည်က ကျဆင်းလာပေမယ့် နာမည်ဂုဏ်သတင်းနဲ့ အရှိန်အဝါက ကြီးမားနေဆဲဖြစ်လို့ သူ ဆက်ရှိနေမယ်ဆိုရင် ပေါ်တူဂီအတွက် အများကြီးအကျိုးရှိနေဦးမှာပါ။

တကယ်ပဲ သားအဖနှစ်ဦးကို ပေါ်တူဂီလက်ရွေးစင်အသင်းမှာ အတူတူကစားတာ မြင်ရတော့မှာလားဆိုတာ ရင်ခုန်စရာပါပဲ

Ref: https://www.facebook.com/duwun.sports/posts/