ကစားသမားတွေအတွက် အာဟာရပြည့်စုံလုံလောက်မှုက အလွန်အရေးကြီးတာကြောင့် မနက်စာနဲ့ မုန့်တွေကို အသင်းကစီမံထားသည့်အတိုင်းသာ သုံးဆောင်ရမည် ။ ဘယ်ကစားသမားမှ အသင်းကန်တင်းမဟုတ်သည့်နေရာတွင် သီးသန့်စားသောက်ခြင်းမပြုရ ၊ အသင်းဖော်တွေ ၊ နည်းပြနဲ့အဖွဲဝင်အားလုံး ကန်တင်းတခုတည်းတွင် အတူစားသောက်ရမည် ။
ကစားသမားတွေဟာ အသင်းရဲ့လေ့ကျင့်ရေးကွင်းကို ၁ နာရီစောပြီးရောက်ရှိရမည် ။ နောက်ကျသူတိုင်း အားကစားခန်းမအတွင်း အပိုလေ့ကျင့်မှုပြုလုပ်ရမည့်အပြင် အသင်းနဲ့ခွဲပြီး သီးသန့်လေ့ကျင့်မှုတွေ ပြုလုပ်ရမည် ။ injury ရရှိနေသည့်ကစားသမားတိုင်း အသင်းလေ့ကျင့်ရေးကွင်းကို မနက်တကြိမ် နေ့လည်တကြိမ်လာရောက်ပြီး recovery လေ့ကျင့်ခန်းတွေ လုပ်ဆောင်ရမည် ။
ရီးရဲမက်ဒရစ်အသင်းမှာ အစဉ်အလာလိုတည်ရှိခဲ့သည့် ပရော်ဖက်ရှင်နယ်ဆန်မှုနဲ့ အပြန်အလှန်လေးစားမှုတွေကို မော်ရင်ညိုက ပြန်လည်တည်ဆောက်လိုတယ်လို့ ကြားသိရပါတယ် ။
