မီလန်ချင်းတူပေမယ့် ကံချင်းမတူခဲ့ပါဘူး ။ မနေ့ညတုန်းက အေစီမီလန်က ၃ ဂိုးသွင်းတယ် ၊ အင်တာမီလန်က ဘယ်သူမှ ဂိုးမသွင်းနိုင်ခဲ့ဘူး ။ ဒါပေမယ့် အေစီမီလန်ရှုံးပြီး အင်တာမီလန်နိုင်ခဲ့ပါတယ် ။ ဘာကြောင့်လဲဆိုတော့ ပုံမှာပြထားတဲ့အတိုင်းပါပဲ ။ အေစီတို့ နည်းပြသစ် အမော်ရင် လက်ထက်မှာ တည်ငြိမ်မှုအားနည်းနေပါသေးတယ် ၊ တချို့ပွဲတွေ အရမ်းကောင်းပြီး တချို့ပွဲတွေမှာ စိတ်ပျက်စရာတွေ ဖြစ်နေသေးလို့ပါ ။ အင်တာကတော့ စီးရီးအေမှာ ဖလားယူနေကျအသင်းပီပီ ခြေစွမ်းမကောင်းတဲ့နေ့မျိုးမှာတောင် အနိုင်ရအောင် ကစားနိုင်ခဲ့ပါတယ် ။ ဒါက မီလန် ၂ သင်းကြားက ကွာခြားမှုပါပဲ ။ လာမယ့်ပိတ်ရက်မှာတော့ သူတို့ ၂ သင်း ဆန်စီရိုမှာ ဆုံတွေ့ကြတော့မှာပါ ။
အခြားပွဲတွေအကြောင်းပြောရရင် နာပိုလီ အဝေးကွင်းမှာ ဂိုးပြတ်နိုင်တယ် ( ၄-၁ နဲ့ ) ၊ ယူဗင်တပ် အဝေးကွင်းမှာ ၂-၀ နဲ့ ရှုံးတယ် ၊ ပါးမားနဲ့ ယူဒီနီးစ်ပွဲက ဒီရာသီစီးရီးအေရဲ့ ဒုတိယမြောက် ဂိုးမရှိသရေပွဲ ဖြစ်လာစေခဲ့ပါတယ် ။ ၈ ပွဲကစားအပြီးမှာ ၃၃ ဂိုးအထိ သွင်းထားခဲ့ပါပြီ ။ ကြားရက်ကစားတဲ့ ပွဲစဉ်မှာလည်း စီးရီးအေက သွင်းဂိုးတွေနဲ့ မြိုင်ဆိုင်နေတုန်းပါပဲ..