အသင်းကြီးတွေကို တပတ်အတွင်းမှာ ၃ ပွဲဆက် အနိုင်ကစားပြခဲ့တဲ့ ဘုန်းမောက်

အေစီမီလန် ၊ မန်ချက်စတာယူနိုက်တက် ၊ အက်စတွန်ဗီလာ . . . ချန်ပီယံလိဂ်ရဖူးတဲ့ အသင်းကြီးတွေကို တပတ်တောင်မပြည့်တဲ့ အချိန်ကာလအတွင်းမှာ ၃ ပွဲဆက် ၃-၀ နဲ့ အနိုင်ကစားပြခဲ့တာကတော့ ဘုန်းမောက်ကို တကယ်ချီးကျူးရမှာပါပဲ ။ ရှေ့က ၂ ပွဲကိုပါ ထည့်တွက်ရင် ၅ ပွဲဆက် ၊ သွင်းဂိုး ၁၄ ဂိုး ၊ ပေးဂိုးမရှိဆိုတဲ့ ပြီးပြည့်စုံတဲ့ရလဒ်ကို ပိုင်ဆိုင်ခဲ့တာပါ ။ ရာသီအစတုန်းက နိုင်ပွဲပျောက်နေလို့ ထုတ်ခံရနိုင်တယ်ဆိုတဲ့ နည်းပြ မာကိုရိုစ့်ဟာ အခုချိန်မှာတော့ နိုင်ပွဲဆက် နည်းပြကြီး ဖြစ်လာခဲ့ပါပြီ ။ ဘုန်းမောက်ရဲ့ ပြောင်းလဲသွားမှုက အံ့ဩစရာပါပဲ..

Ref: https://www.facebook.com/sportsdailymm/posts/