ဘာစီလိုနာလည်း မော်ရင်ညိုရဲ့ ရီးရဲမက်ဒရစ်နဲ့ အတွေ့မှာ ရပ်တန့်သွားပါပြီ ။ ရီးရဲတို့ ဒီနေ့ပွဲအတွက် အကောင်းဆုံးပြင်ဆင်လာခဲ့ပြီး အမှားအယွင်းနည်းနည်းနဲ့ ကစားသွားခဲ့တာပါ ။ ဘာစီလိုနာကတော့ အရင်ပွဲတွေကလို အချိတ်အဆက်တွေမမြင်ရခဲ့ဘဲ ဂိုးသွင်းချင်စိတ်ကြီးမားနေခဲ့ကြပါတယ် ။ လာမိန်းယာမဲလ်လည်း ခြေမပေါ်ခဲ့ပါဘူး ။ အမ်ဘာပေကတော့ ဒီညအတွက် ၂ ဂိုးသွင်းပြီး ဟီးရိုးဖြစ်ခဲ့တယ်ဆိုပေမယ့် သူ့ထက်ပိုပြီး ပုံစံကောင်းပြခဲ့တဲ့ ရီးရဲမက်ဒရစ်ကစားသမားတွေ ရှိခဲ့ပါတယ် ။ ဘာပဲဖြစ်ဖြစ် မော်ရင်ညိုကတော့ မော်ရင်ညို အဖြစ် ရှိနေသေးတယ်ဆိုတာက ဒီနေ့ပွဲက ပြသလိုက်ပါပြီ ။ လာလီဂါလည်း ပြန်ပြီး စိတ်ဝင်စားစရာ ဖြစ်လာစေခဲ့ပါတယ်..