မီခေးလ် အာတီတာလက်အောက်က ဗစ်တာ ယောကရက်စ်နဲ့ပတ်သက်ပြီး အလန် ရှီးယားရဲ့ သုံးသပ်ချက်
“ဗစ်တာ ယောကရက်စ် ရူဘင် အမိုရင် လက်အောက်မှာ ကစားတာနဲ့ လက်ရွေးစင်အသင်းမှာ ဂရေဟမ် ပေါ့တားလက်အောက်မှာ ကစားတာတွေကို ကျွန်တော် သေချာကြည့်ဖူးပါတယ်။ သူက တကယ့် တိုက်စစ်မှူးစစ်စစ်တစ်ယောက်ဆိုတာ ကျွန်တော် ရဲရဲပြောနိုင်ပါတယ်။
အာဆင်နယ်မှာတော့ မီခေးလ် အာတီတာက ကိုင် ဟာဗက်ဇ်ကိုပဲ ပွဲထွက်ခိုင်းဖို့ ပိုလိုလားပါတယ်။ ဘာလို့လဲဆိုတော့ သူက ဒီကစားသမားကို ဘယ်လိုအသုံးချရမလဲနဲ့ ဂိုးတွေ ဘယ်လိုသွင်းယူပေးနိုင်မလဲဆိုတဲ့ အကောင်းဆုံးနည်းလမ်းကို အခုထိ ရှာမတွေ့သေးလို့ပါပဲ။
ဒါက သောမတ်စ် တူဟယ် လက်ထက်မှာ ရိုမီလူ လူကာကူ ကျရှုံးခဲ့ပြီး အန်တိုနီယို ကွန်တီ လက်ထက်မှာ တောက်ပလာခဲ့တာနဲ့ တူပါတယ်။ ဗစ်တာ ယောကရက်စ် အာဆင်နယ်ကနေ ထွက်သွားတဲ့ အချိန်ကျမှပဲ စပို့တင်းမှာတုန်းကလို အစွမ်းထက်တဲ့သူတစ်ယောက် ဖြစ်လာတာကို သူတို့ မြင်တွေ့ရလိမ့်မယ်။
ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာ သူက နိုနီ မာဒူအဲကီနဲ့ အကောင်းဆုံး တွဲဖက်ကစားနိုင်ခဲ့ပြီး အာဆင်နယ်အတွက် ချေပဂိုး သွင်းယူပေးခဲ့တဲ့ ဒီကလန် ရိုက်စ်ဆီကိုလည်း အံ့မခန်း ဂိုးဖန်တီးမှုတစ်ခု ပေးပို့နိုင်ခဲ့တယ်။
သူက တကယ့် တိုက်စစ်မှူးစစ်စစ်ပါပဲ။ ဒါပေမဲ့ ပြဿနာက သူ့အသင်းဖော်တွေဆီကနေ ဘောလုံးဖြန့်ဝေမှု လုံလောက်အောင် မရရှိနေတာပါပဲ။ ဒါပေမဲ့ သူနဲ့ ကိုင် ဟာဗက်ဇ် နှစ်ယောက်ထဲ ဘယ်သူက ပိုကောင်းတဲ့ နံပါတ် ၉ လဲလို့ မေးရင်တော့ ကျွန်တော်ကတော့ ဗစ်တာ ယောကရက်စ်ကိုပဲ အမြဲတမ်း ရွေးချယ်သွားမှာပါ”