မွိုက်စ် ကိုင်ဆီဒိုရဲ့ ပြင်းထန်လွန်းတဲ့ ကန်ချက်နဲ့ ပတ်သက်ပြီး ဂိုးသမား ဂျော်ဒန် ပစ်ဖို့ဒ် ရဲ့ ပြောစကား

မွိုက်စ် ကိုင်ဆီဒိုရဲ့ ပြင်းထန်လွန်းတဲ့ ကန်ချက်နဲ့ ပတ်သက်ပြီး ဂိုးသမား ဂျော်ဒန် ပစ်ဖို့ဒ် ရဲ့ ပြောစကား

​”ဒီကောင်လေးမှာ ငါ့ကို တစ်ခုခု ရန်ငြှိုးဖွဲ့ထားတာ ရှိမယ်လို့ ထင်ပါတယ်။ အဲ့ဒီကန်ချက်က တကယ်ကို ရူးကြောင်ကြောင် ဆန်လွန်းပါတယ်။ အရှိန်အဟုန်က တကယ် ကြောက်စရာကောင်းပြီး ငါ့မျက်နှာသာ လာမမှန်သွားတာကိုပဲ ကျေးဇူးတင်ရမလို ဖြစ်နေပါပြီ။

​ဟေ့ကောင်၊ ငါက ဂိုးသမားလေ၊ လက်ဝှေ့ထိုးတဲ့ သဲအိတ် မဟုတ်ဘူး။ ဘောလုံးလာနေတာ မြင်လိုက်ရတုန်းကဆို င့ါဘဝတစ်လျှောက် လုပ်ခဲ့မိတဲ့ ဆုံးဖြတ်ချက်မှန်သမျှကိုပါ ပြန်တွေးမိသွားတယ်။

​ဒါက စစ်မြေပြင် မဟုတ်ဘဲ ဘောလုံးပွဲဆိုတာကို ကိုင်ဆီဒို သတိထားဖို့ လိုပါတယ်။

​သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေမယ့် အလုပ်တစ်ခုမှလည်း ငါ မလုပ်ဖူးပါဘူး။ သူ့ကောင်မလေးကို ယူသွားတာတို့၊ သူ့ရဲ့ နောက်ဆုံးပန်းကန်ထဲက ဂျိုလို့ဖ်ထမင်းကို ခိုးစားလိုက်တာတို့လည်း မဟုတ်ဘဲနဲ့လေ။

​သူက ငါ့ကို ဘာလို့ ဆေးရုံပို့ချင်နေရတာလဲ။နောက်တစ်ခါ သူ ပင်နယ်တီဧရိယာအပြင်ဘက်ကနေ ဘောလုံးရလာရင်တော့ ငါ ဖယ်ပေးပြီး နောက်ခံလူတွေနဲ့ပဲ လွှတ်ထားလိုက်တော့မယ်။ သူ့ရဲ့ ကန်ချက်စွမ်းရည်ကို လေးစားပါတယ်၊ ဒါပေမဲ့ အိမ်မှာ မိသားစုက စောင့်နေသေးတယ်ဆိုတာကို တစ်ယောက်ယောက်က သွားပြောပြပေးသင့်ပါတယ်။”

Ref: https://www.facebook.com/SportsAIIZ/posts/