အီတလီကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ ဖရိုဆီနိုနီအသင်း

အီတလီကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ ဖရိုဆီနိုနီအသင်းက အီတလီကစားသမားမပါတဲ့ ကိုမိုအသင်းကို အနိုင်ကစားခဲ့တဲ့ပွဲကို အီတလီအသင်းရဲ့ အောင်ပွဲလို့ စီးရီးအေရပ်ဝန်းမှာ တင်စားပြောဆိုခဲ့ကြတယ် ။ စီးရီးအေ တလတာအကောင်းဆုံးနည်းပြဆုကို ၂ လဆက် ရယူထားတဲ့ နည်းပြ မက်ဆီ မီလီယာနို အယ်လ်ဗီနီရဲ့ အသင်းဟာ အခုရာသီမှာ အထိုက်အလျောက်ဆိုတာထက် ပိုကောင်းတဲ့ပုံစံကို ပြသထားပြီး အဲဒီအထဲမှာ အီတလီအသင်းကို အထောက်အကူဖြစ်စေမယ့် ကစားသမားတွေ ပါဝင်နေတာက ပိုပြီး စိတ်ကျေနပ်စရာဖြစ်စေခဲ့ပါတယ် ။ မနေ့ညတုန်းက ဆာဆူအိုလိုအသင်းကို ၄-၂ နဲ့ အနိုင်ရအပြီးမှာ အဆင့် ၄ အထိ ရောက်လာခဲ့တယ် ၊ ဟက်ထရစ်သွင်းခဲ့တဲ့ အန်တိုနီယို ရိုင်မွန်ဒို က စီးရီးအေမှာ ၇ ဂိုးနဲ့ အများဆုံးသွင်းယူသူ ဖြစ်လာခဲ့တယ် ၊ အီတလီကစားသမား ၇ ယောက်အထိ ပွဲထွက်ခဲ့သလို အသင်းမှာလည်း ၂၅ နှစ်အောက် အီတလီကစားသမား ၁၁ ယောက်အထိ ရှိနေခဲ့ပါတယ် ။ ဖရိုဆီနိုနီလိုအသင်းက စီးရီးအေမှာ ဆက်လက်ကျန်ရစ်အောင်ပဲ အဓိက အာရုံစိုက်ရဦးမှာပါ ။ ဒါပေမယ့် အသင်းက အီတလီကစားသမားတွေအတွက်ကတော့ စောင့်ကြည့်စိတ်လှုပ်ရှားစရာတွေပါပဲ ။

Ref: https://www.facebook.com/sportsdailymm/posts/