အာဆင်နယ်အသင်း (၂၂) နှစ်ကြာစောင့်ဆိုင်းခဲ့ရပြီးနောက် ပရီးမီးယားလိဂ် ချန်ပီယံဆု ရရှိခဲ့တာနဲ့ ပတ်သက်လို့ မီခေး မယ်ရီနိုရဲ့ ပြောစကား

“ဘုန်းမောက်အသင်း ဂိုးသွင်းလိုက်တဲ့အခါ ကျွန်တော် ထရပ်ပြီး လမ်းလျှောက်ထွက်ခဲ့ရတယ်။ တကယ်တော့ နည်းစနစ်အနေအထားတွေကို လေ့လာရတာကို ဝါသနာပါတယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ စိတ်ကို အေးအေးထားမှ ဖြစ်မယ်လေ။

အဲဒီနောက် မန်စီးတီး ချေပဂိုးရလာတဲ့အခိုက်မှာတော့ ကျွန်တော့်ရင်ဘတ်ထဲမှာ နှလုံးခုန်နှုန်း တစ်မိနစ်ကို အချက် ၂၀၀ လောက်အထိ တရှိန်ထိုး ခုန်နေခဲ့တယ်။ အဲဒီနောက်မှာ ကျွန်တော် မှတ်မိတာကတော့ ပွဲပြီးဝီစီမှုတ်သံ၊ အော်ဟစ်သံတွေ၊ ဖက်လှဲတကင်း အားပေးကြတာတွေ၊ ရှန်ပိန်ပုလင်းတွေ ဖောက်တာနဲ့ စစ်မှန်တဲ့ ပျော်ရွှင်မှုတွေပါပဲ။

​ကျွန်တော့်ဘဝမှာ အကျယ်လောင်ဆုံးနဲ့ အစွမ်းကုန် အော်ဟစ်လိုက်မိပြီး သံသယတွေ၊ ဝေဖန်မှုတွေ အားလုံးကို ဖယ်ထုတ်ပစ်လိုက်နိုင်ခဲ့ပါပြီ။ ဖလားလက်လွတ်ဆုံးရှုံးတတ်သူများ၊ ဒုတိယနေရာနဲ့ ကျေနပ်ရသူများကနေ ချန်ပီယံများဖြစ်သွားခဲ့တဲ့အခိုက်အတန့်ပေါ့။

​စိတ်အေးသွားတဲ့အခါ ကျတော့မှ Gym ခန်းထဲကို တစ်ယောက်တည်းဆင်းသွားပြီး လိုလာနဲ့ မိဘတွေကို ဖုန်းဆက်ခဲ့တယ်။ အပေါ်ထပ်ကို ပြန်တက်လာချိန်မှာတော့ အာဆင်နယ်သီချင်းတွေကို ဆိုရင်း ရေကူးကန်ထဲကို အတူတူ ခုန်ဆင်းခဲ့ကြတယ်။ မြို့လယ်ခေါင်မှာဆိုရင်လည်း လမ်းတွေပေါ်မှာ လူတွေနဲ့ ပြည့်သိပ်နေပြီး N5 ဧရိယာတစ်ခုလုံး ရူးသွပ်ကုန်ကြပါတော့တယ်။”

Ref: https://www.facebook.com/SportsAIIZ/posts/