ဉရောပအတွေ့အကြုံမရှိဘူး ၊ တပတ် ၃ ပွဲနဲ့ ကစားနေကျအသင်းမဟုတ်ဘူး ၊ ကစားသမားအင်အား လုံလောက်မှုမရှိဘူး . . . စတဲ့အချက်တွေက ဘရိုက်တန်အသင်းနဲ့ပတ်သက်ပြီး ဘောလုံးသုံးသပ်သူတွေကို စိတ်ပူစေခဲ့တဲ့ အကြောင်းတွေပါပဲ ။
လာမယ့်ကြာသပတေးကစတင်ပြီး ဘရိုက်တန်ရဲ့ ဉရောပစွန့်စားခန်းတွေ စတင်မှုနဲ့အတူ နိုဝင်ဘာနိုင်ငံတကာပွဲစဉ်တွေမတိုင်ခင်မှာ စုစုပေါင်း ၈ ပွဲအထိ ကစားရတော့မှာပါ ။
အဲဒီအထဲမှာ ချက်ရီပါ့ဘလစ်မှာစတင်ပြီး စပိန်နိုင်ငံ မက်ဒရစ်မှာ ပြီးဆုံးမယ့် အဝေးကွင်း ၅ ပွဲဆက် ပါဝင်နေပါတယ် ။ အဲဒီ ၅ ပွဲမှာ မန်စီးတီးနဲ့ ၂ ပွဲ ၊ လီဗာပူးနဲ့တပွဲ ကစားရဦးမှာပါ ၊ အကုန်လုံး အဝေးကွင်းတွေချည်းပါပဲ ။
European ပြိုင်ပွဲ အတွေ့အကြုံမရှိတဲ့အသင်းတွေ ပထမဆုံးအကြိမ်ဝင်ကစားရချိန်မှာ စီမံခန့်ခွဲမှုနဲ့ ကစားသမားအင်အားနည်းပါးမှုတွေကြောင့် ပြည်တွင်းပြိုင်ပွဲတွေမှာပါ ရလဒ်တွေ ယိမ်းယိုင်တတ်ကြဖူးပါတယ် ။ ဒါကို ဒီနှစ် ဘရိုက်တန်အသင်းမှာ မြင်တွေ့ရတော့မှာလား ။
ဒီပွဲကြပ်တွေကို နည်းပြ ဟက်စလာနဲ့ ဘရိုက်တန်ကစားသမားတွေ ဘယ်လိုကျော်ဖြတ်သွားမလဲ . . .