တိုက်စစ်မှူး နီကိုလိုထရက်ဆိုဒီက ဟက်ထရစ်သွင်းကာ ခြေစွမ်းပြ

ကျနော်က အေစီမီလန်ပရိသတ်ပါလို့ ကြိုပြောပြီး အင်တာမီလန်ကို ဟက်ထရစ်သွင်းပြလိုက်တယ်..

ကလပ်ဘရုဂ်တို့ ညက အင်တာမီလန်ကွင်းမှာ ၃-၄ နဲ့ အံ့အားသင့်ဖွယ် အနိုင်ယူသွားခဲ့ပါတယ်။ ဒီပွဲမှာ ကလပ်ဘရုဂ်ရဲ့ အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူး နီကိုလိုထရက်ဆိုဒီက ဟက်ထရစ်သွင်းကာ ခြေစွမ်းပြသွားခဲ့တာပါ။ ထူးခြားတာကတော့ ဒီကောင်လေးက ငယ်ငယ်ကတည်းက အေစီမီလန်ကို အားပေးခဲ့တဲ့ ပရိသတ်တဦး ဖြစ်ခဲ့တာပါပဲ။

ဒီပွဲမတိုင်ခင်မှာမှ ထရက်ဆိုဒီက “ကျနော်က မီလန်ပရိသတ်ပါ၊ ဒီပွဲက ကျနော့်အတွက်တော့ ဒါဘီပွဲလိုပါပဲ” လို့ ပြောထားခဲ့တာပါ။ ပြီးတော့ အေစီမီလန်ပရိသတ်တွေကလည်း ကျနော့်ဆီ စာတွေပို့ပြီး ဂိုးသွင်းပေးပါ၊ အနိုင်ယူပေးပါလို့ ပြောခဲ့ကြပါတယ်” လို့ ပွဲအပြီးမှာ ထပ်ပြောခဲ့ပါတယ်။

အခုတော့ ထရက်ဆိုဒီဟာ သူ အားပေးတဲ့ အေစီမီလန်ရဲ့ ခါးသီးမြို့ခံပြိုင်ဘက် အင်တာမီလန်ဘက်ကို ဟက်ထရစ်သွင်းပြီး ကစားသမားဘ၀မှာ ပထမဆုံး ဥရောပပြိုင်ပွဲဟက်ထရစ်ကို ရယူနိုင်ခဲ့ပါပြီ။ ကလပ်ဘရုဂ်ပရိသတ်တွေတင်မက အေစီမီလန်ပရိသတ်တွေကိုပါ ပျော်ရွှင်စေခဲ့ပါတယ်။

Ref: https://www.facebook.com/duwun.sports/posts/