ဘိုဒိုဂလင့် နဲ့ ဗိုက်ကင်းအသင်းတို့ရဲ့ အားပြိုင်မှုကတော့ စကော့တလန်လိဂ်က ရိန်းဂျားစ်နဲ့ ဆဲလ်တစ်တို့ရဲ့ အားပြိုင်မှုမျိုး ဖြစ်လာပါပြီ ။ ဒီရာသီ ပွဲစဉ် ၂၂ ပွဲ ကစားပြီးချိန်မှာ နှစ်သင်းစလုံး ၅၃ မှတ်စီနဲ့ အကြိတ်အနယ်ယှဉ်ပြိုင်နေကြပါတယ် ။ ရာသီကုန်ဖို့က ၈ ပွဲတည်း လိုတော့တာပါ ။ မနှစ်ကရာသီတုန်းကည်း ဗိုက်ကင်းအသင်းက ၁ မှတ်တည်းအသာနဲ့ ချန်ပီယံဖြစ်ခဲ့တာပါ ။ လက်ကျန်ပွဲတွေထဲမှာ ဘိုဒိုဂလင့်အသင်းရဲ့ကွင်းမှာ ကစားရမယ့်ပွဲစဉ် ရှိပါသေးတယ် ။ ဘယ်အသင်း ချန်ပီယံဖြစ်လာမလဲဆိုတာတော့ စိတ်ဝင်စားစရာပါပဲ