ဖီဖာဥက္ကဋ္ဌကို ချက်ချင်းနုတ်ထွက်ဖို့ တောင်းဆိုလိုက်တဲ့ လူးဝစ် ဖီဂို

ပေါ်တူဂီ ဂန္တဝင်ကစားသမားကြီး လူးဝစ် ဖီဂို (Luis Figo) ကတော့ လက်ရှိ ဖီဖာဥက္ကဋ္ဌ ဂျီအန်နီ အင်ဖန်တီနို (Gianni Infantino) ကို ရာထူးကနေ ချက်ချင်း နုတ်ထွက်ပေးဖို့ ကမ္ဘာတစ်ဝန်းက ဘောလုံးလောကသားတွေနဲ့အတူ ပူးပေါင်းပြီး ပြင်းပြင်းထန်ထန် တောင်းဆိုလိုက်ပါတယ်။

ဖီဂိုရဲ့ အပြောအရဆိုရင် အင်ဖန်တီနိုဟာ ဖီဖာဥက္ကဋ္ဌ နေရာကို အဆင့်အတန်း မြှင့်တင်ပေးမယ်လို့ ကတိပေးခဲ့ပေမဲ့ တကယ်တမ်းကျတော့ လိမ်လည်လှည့်စားပြီး ဘောလုံးလောကကို အသုံးချကာ ကိုယ်ကျိုးရှာခဲ့တယ်လို့ ပြတ်ပြတ်သားသား စွပ်စွဲထားပါတယ်။
လက်ရှိအချိန်မှာ အင်ဖန်တီနိုဟာ သူ့ရဲ့ အနီးကပ် အကြံပေးတွေ၊ ထိပ်တန်း အရာရှိတွေရဲ့ ယုံကြည်မှုကိုသာမက ဘောလုံးအားကစားအတွက် ဘဝကို မြှုပ်နှံထားသူ အများစုရဲ့ ထောက်ခံမှုကိုပါ လုံးဝ ဆုံးရှုံးနေပြီလို့ ဆိုပါတယ်။
ဒါ့အပြင် ဖီဖာရဲ့ ငြိမ်းချမ်းရေးဆု ရရှိထားသူတွေကတောင် သူ့ကို လက်မခံကြတော့ပါဘူး။

ဖီဂိုရဲ့ တောင်းဆိုမှုက တကယ့်ကို ထိမိပြီး မှန်ကန်ပါတယ်။
အင်ဖန်တီနို အနေနဲ့ သူ့ရဲ့ ကိုယ်ပိုင် ဂုဏ်သိက္ခာကို ကယ်တင်ဖို့ အချိန်နှောင်းသွားပြီ ဆိုပေမဲ့၊ ကမ္ဘာ့ဘောလုံးလောကကြီးကို ကယ်တင်ဖို့ကတော့ အချိန်မီပါသေးတယ်။
ဒါကြောင့် ဘောလုံးလောကကြီး ပိုပြီး ညစ်နွမ်းမသွားခင် တာဝန်ယူမှု အပြည့်နဲ့ အခုချက်ချင်း ရာထူးကနေ ဆင်းပေးဖို့ လိုအပ်နေပြီလို့ပဲ သုံးသပ်ချင်ပါတယ်။

Ref: https://www.facebook.com/100067046052889/posts/