ဂတ်ပိုကို မျက်စိကျနေတဲ့ စပါးနည်းပြ ဒီဇာဘီ

စပါး အသင်းရဲ့ နည်းပြဖြစ်သူ ရိုဘာတို ဒီဇာဘီ (Roberto De Zerbi) ဟာ အသင်းရဲ့ တိုက်စစ်ပိုင်း ထိုးဖောက်နိုင်စွမ်းကို ပိုမို အားကောင်းလာစေဖို့အတွက် လီဗာပူးလ် တောင်ပံတိုက်စစ်မှူး ကိုဒီ ဂတ်ပို (Cody Gakpo) ကို အထူး သဘောကျနေပြီး သူ့ရဲ့ အကြိုက်စာရင်းထဲ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

ဒီဇာဘီဟာ ဂတ်ပိုရဲ့ တိုက်စစ်ပိုင်း နေရာစုံ ကစားနိုင်စွမ်း၊ နည်းဗျူဟာလိုက်နာမှုနဲ့ ဂိုးဖန်တီးနိုင်စွမ်း အရည်အသွေးတွေကို အတော်လေး သဘောကျနေတာပါ။

ဂတ်ပိုဟာ လီဗာပူးလ်မှာရော နယ်သာလန် အသင်းမှာပါ ခြေစွမ်းပြသနေသူ ဖြစ်တာကြောင့် စပါးတိုက်စစ်အတွက် အင်မတန် အသုံးဝင်မယ့် ကစားသမားတစ်ဦး ဖြစ်လာနိုင်ပါတယ်။

ဒါပေမဲ့လည်း ပြိုင်ဘက် လီဗာပူးလ် အသင်းဘက်က အဓိက တိုက်စစ်ကစားသမားတစ်ဦးဖြစ်တဲ့ ဂတ်ပိုကို အလွယ်တကူ လက်လွှတ်ရောင်းချပေးဖို့ဆိုတာ မလွယ်ကူတာကြောင့် ဒီဇာဘီရဲ့ စိတ်ဝင်စားမှုဟာ လက်တွေ့မှာ စိန်ခေါ်မှုကြီးတစ်ခု ဖြစ်နေမှာပါ။

Ref: https://www.facebook.com/100067046052889/posts/