မန်စီးတီး ပြစ်ဒဏ်ကြီးကြီးချခံရရင် အဖျားခတ်ပြီး ဒုက္ခရောက်နိုင်တဲ့ အာဆင်နယ်

ယူအေအီး အခြေစိုက် ကုမ္ပဏီတွေအနေနဲ့ ပရီးမီးယားလိဂ်နဲ့ ပရီးမီးယားလိဂ် ကလပ်အသင်းတွေမှာ ပြုလုပ်ထားတဲ့ စပွန်ဆာ ရင်းနှီးမြှုပ်နှံမှုတွေကို ပြန်လည်ရုပ်သိမ်းဖို့ သပိတ်မှောက်ရေး လှုပ်ရှားမှုတွေ လုပ်ဆောင်လာနိုင်တယ်လို့ သတင်းထွက်ပေါ်နေတာကြောင့် အာဆင်နယ်အသင်းပါ ရိုက်ခတ်မှု ရှိလာနိုင်ပါတယ်။

​လက်ရှိမှာ အာဆင်နယ်အသင်းမှာ ယူအေအီးနဲ့ ဆက်နွှယ်နေတဲ့ အဓိက စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ၂ ခု ရှိနေတာပါ။ အဲဒါတွေကတော့ အသင်းရဲ့ အဓိက စပွန်ဆာဖြစ်တဲ့ Emirates အပြင် လေ့ကျင့်ရေးကွင်း စပွန်ဆာပေးထားပြီး ကွင်းအမည် ပိုင်ဆိုင်ခွင့် ရယူထားတဲ့ Sobha Realty တို့ပဲ ဖြစ်ပါတယ်။

​ဒါဟာ သပိတ်မှောက်မှု လှုပ်ရှားမှုသာ တကယ်စတင်ခဲ့ပြီး အဆိုပါ ကုမ္ပဏီတွေက စပွန်ဆာ ရုပ်သိမ်းခဲ့ရင် အာဆင်နယ်အနေနဲ့ အရေးပါတဲ့ စီးပွားရေး မိတ်ဖက် ၂ ခုကို ဆုံးရှုံးရနိုင်ခြေ ရှိနေတာပါ။

ဒါကြောင့်မို့လို့ မန်စီးတီးအသင်းရဲ့ အမှုဟာ မန်ချက်စတာမြို့တင် မကဘဲ အာဆင်နယ်နဲ့ အခြား ပရီးမီးယားလိဂ် ကလပ်အသင်းတွေဆီအထိပါ ကျယ်ပြန့်တဲ့ နောက်ဆက်တွဲ ရိုက်ခတ်မှုတွေ ရှိလာနိုင်တာ ဖြစ်ပါတယ်။

Ref: https://www.facebook.com/SportsAIIZ/posts/