ဘောလုံးလောက ရဲ့ အကြီးမားဆုံးပြိုင်ပွဲဖြစ်တဲ့ ချန်ပီယံလိဂ်မှာ အကောင်းဆုံးကစားသမားဆု ရခဲ့တဲ့သူတစ်ယောက် ဖြစ်နေပေမယ့် ဘလွန်းဒေါဆုကို မရနိုင်ခဲ့ရင် ဘယ်လိုခံစားရမလဲ
ကွာဗာရက်စခီလီယာအတွက်တော့ ဒီလိုအခြေအနေမျိုး ဖြစ်လာနိုင်ပါတယ်
သူ့ရဲ့အရည်အချင်းကြောင့် မဟုတ်ဘဲ သူမွေးဖွားလာတဲ့နိုင်ငံကြောင့် အခွင့်အရေးတစ်ချို့ လွဲချော်သွားရတာပါ
ဒီနွေရာသီမှာ ကမ္ဘာ့ဖလားအတွက် ကမ္ဘာ့ထိပ်တန်းကစားသမားတွေ ပြင်ဆင်နေချိန် ကွာဗာရက်စခီလီယာကတော့ အိမ်မှာပဲ ကြည့်နေရပါတယ်
ဒါဟာ သူ့အမှား မဟုတ်ပါဘူး
ဂျော်ဂျီယာအသင်းဟာ သမိုင်းတစ်လျှောက် ကမ္ဘာ့ဖလားဝင်ခွင့် မရဖူးသေးသလို ဒီတစ်ကြိမ်မှာလည်း ဝင်ခွင့်မရခဲ့ပါဘူး
ဒါကြောင့် ဘာလွန်ဒေါဆုအတွက် အဆုံးသတ်အထိ ကိုယ့်အရည်အချင်းကို ပြသခွင့်ရနေတဲ့ ကစားသမားတွေနဲ့ မတူဘဲ ကွာဗာရက်စခီလီယာက အိမ်ကနေသာ ကြည့်နေရပါတယ်
ဒီအခြေအနေကတော့ နည်းနည်း မတရားသလို ခံစားရစေပါတယ်
ပြီးခဲ့တဲ့ရာသီမှာ ကွာဗာဟာ အံ့မခန်းခြေစွမ်း ပြသခဲ့ပါတယ်
ချန်ပီယံလိဂ်ပွဲတွေမှာ သူ့ကို ရပ်တန့်ဖို့ အရမ်းခက်ခဲခဲ့ပြီး ပြိုင်ဘက်ခံစစ်တွေကို အမြဲတမ်း ပြဿနာပေးနိုင်ခဲ့ပါတယ်
ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာလည်း ပီအက်စ်ဂျီအနေနဲ့ အာဆင်နယ်ရဲ့ တောင့်တင်းတဲ့ခံစစ်ကို ဖောက်ဖို့ အခက်တွေ့နေချိန် ကွာဗာက အရေးကြီးတဲ့အခိုက်အတန့်ကို ဖန်တီးပေးခဲ့ပါတယ်
သူလုပ်နိုင်သမျှကို အများကြီး လုပ်ပြနိုင်ခဲ့ပါတယ်
တစ်ခုတည်းသော လွဲချော်မှုကတော့ ကမ္ဘာ့ဖလားမှာ မကစားနိုင်ခဲ့တာပါ
ဒါပေမယ့် အဲ့ဒီအရာကိုလည်း သူကိုယ်တိုင် ထိန်းချုပ်လို့ မရပါဘူး
သူဘယ်နိုင်ငံမှာ မွေးမလဲဆိုတာကို ကိုယ်တိုင်ရွေးချယ်ခဲ့တာ မဟုတ်ပါဘူး
ဂျော်ဂျီယာအသင်း ကမ္ဘာ့ဖလားဝင်ခွင့်ရဖို့ ဘယ်လောက်ခက်ခဲမလဲဆိုတာလည်း သူဆုံးဖြတ်ခဲ့တာ မဟုတ်ပါဘူး
ဒါပေမယ့် ဒီနှစ် ဘာလွန်ဒေါဆုအကြောင်း ပြန်ပြောကြတဲ့အခါ ကမ္ဘာ့ဖလားက အရေးကြီးတဲ့အချက်တစ်ခုအဖြစ် ပါဝင်နေမှာပါ
ကမ္ဘာ့ဖလားက ဘောလုံးလောကရဲ့ အကြီးမားဆုံး စင်မြင့်ဖြစ်လို့ ဒီလိုသတ်မှတ်ကြတာလည်း နားလည်လို့ရပါတယ်
ဒါပေမယ့် အဲ့ဒီစင်မြင့်ပေါ်မှာ ကစားခွင့်မရခဲ့တဲ့ အကောင်းဆုံးကစားသမားတစ်ယောက်ကိုတော့ မမေ့သင့်ပါဘူး
ကွာဗာရက်စခီလီယာက ကမ္ဘာ့ဖလားမှာ အခွင့်အရေးမရခဲ့ပေမယ့် သူ့ရဲ့ချန်ပီယံလိဂ်ခြေစွမ်းနဲ့ ဘောလုံးအရည်အချင်းတွေကတော့ လူတိုင်းမှတ်မိနေမှာပါ