ရော်နယ်ဒိုမပါဝင်တဲ့ ပေါ်တူဂီအသင်း

ရော်နယ်ဒိုမပါဝင်တဲ့ ပေါ်တူဂီအသင်းက မနေ့ညမှာ နိုင်ပွဲတစ်ပွဲ ထပ်ရယူနိုင်ခဲ့ပါတယ်

ပွဲပြီးတဲ့နောက် နည်းပြ‌ ဂျေဇူးက ရော်နယ်ဒိုနဲ့ ပတ်သက်တဲ့ အခြေအနေကို ပြန်လည်ရှင်းပြလာပါတယ်

အရာအားလုံးက လမ်းဖွင့်ထားဆဲဖြစ်ပြီး ရော်နယ်ဒိုကိုယ်တိုင် သူ့ဘဝအတွက် ဆုံးဖြတ်ရမှာလို့ ပြောခဲ့ပါတယ်

သူတို့နှစ်ဦးကြားမှာ ဖြစ်ခဲ့တာက နားလည်မှုလွဲမှားခြင်းတစ်ခုသာဖြစ်ပြီး ပြဿနာကို ဖြေရှင်းဖို့ မခက်ခဲဘူးလို့လည်း ဆိုခဲ့ပါတယ်

ဒါကြောင့် ရော်နယ်ဒိုအနေနဲ့ ပေါ်တူဂီအသင်းဆီ ပြန်လာဖို့ တံခါးက ပိတ်မထားသေးပါဘူး

မနေ့ညပွဲမှာ ရော်နယ်ဒိုရဲ့ နံပါတ် ၇ ကို ဝတ်ဆင်ထားတဲ့ ရာဖေးလ်လီယိုကိုတောင် ပွဲထဲ ထည့်သွင်းအသုံးမပြုခဲ့ပါဘူး

ဒီအချက်က ရော်နယ်ဒိုနဲ့ ပတ်သက်တဲ့ အခြေအနေကို ပိုပြီး စိတ်ဝင်စားစရာ ဖြစ်စေပါတယ်

ပေါ်တူဂီဘက်က ရော်နယ်ဒိုရဲ့နေရာကို အလွယ်တကူ အစားထိုးချင်နေတာ မဟုတ်ပါဘူး

အခုတော့ အဓိကဆုံးဖြတ်ချက်က ရော်နယ်ဒိုဘက်မှာပဲ ကျန်ပါတော့တယ်

တစ်နိုင်ငံလုံးက ရော်နယ်ဒိုကို ပြန်မြင်ချင်နေကြသလို ဂျေဇူးဘက်ကလည်း ပြန်လာဖို့ လမ်းဖွင့်ပေးထားပါပြီ

အခုအချိန်မှာ ပရိသတ်တွေရဲ့မျှော်လင့်ချက်ကတော့ ရော်နယ်ဒိုတစ်ယောက်ပဲ ဖြစ်နေပါတယ်

Ref: https://www.facebook.com/tkt345/posts/p