၂၀၂၆ ရွှေဘောလုံးဆုအတွက် မဲပေးမှုက စက်တင်ဘာလ ၂၈ ရက်နေ့အထိပါ ။ ဒါကြောင့်လည်း အသင်းတွေ ၊ ကစားသမားတွေက သူတို့ ရွှေဘောလုံးဆုရသင့်တယ်ဆိုပြီး မားကတ်တင်းဆင်းနေကြတာပေါ့ ။ ဒီလိုအချိန်မှာ မက်ဆီက ဆုဖလားတခုရလိုက်တာက မဲပေးသူတွေကို ရွေးချယ်ဖို့ အကြောင်းပြချက် ပိုသွားစေနိုင်ပါတယ် ။ ဒီဆုဖလားက ဖီဖာရဲ့ တရားဝင် အသိအမှတ်ပြုဆုဖလားမဟုတ်ပါဘူး ၊ ဒါပေမယ့် ရွေးချယ်သူတွေက ဒီအချက်ကို စိတ်ဝင်စားချင်မှ စိတ်ဝင်စားမှာပါ ။ မက်ဆီဖလားရတယ် ၊ ဖိုင်နယ်မှာ ၁ ဂိုးသွင်းပြီး ၁ ဂိုးဖန်တီးတယ် ၊ ၃၉ နှစ်နဲ့ ဒီလောက်အထိ စွမ်းဆောင်ပြနေတုန်းပဲ ၊ ဒါဆိုရင် သူတို့အတွက် လုံလောက်နိုင်ပါတယ် ။
လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ် ၊ ရွှေဘောလုံးဆုအတွက် စကာတင်ကစားသမားတွေ ကြေညာချိန်တုန်းက မက်ဆီဟာ ဆုရရှိဖို့ ရေပန်းအစားဆုံးမဟုတ်ပါဘူး ။ ဒါပေမယ့် လက်ရှိမှာတော့ မက်ဆီဟာ ၉ ကြိမ်မြောက် ရွှေဘောလုံးဆုကို ရယူသွားနိုင်လောက်တယ်ဆိုတဲ့ သုံးသပ်မှုတွေ ပေါ်ထွက်လာခဲ့ပါပြီ ။ အောက်တိုဘာလ ၂၈ ရက်နေ့ ၊ လန်ဒန်မှာ ကျင်းပမယ့် ဆုပေးပွဲကြီးမှာ မက်ဆီ အောင်ပွဲခံသွားခဲ့ရင်လည်း အံ့အားသင့်စရာ ဖြစ်လာမှာမဟုတ်ပါဘူး ။