ဖလားပေးနှုန်း အမြင့်ဆုံး ပြိုင်ပွဲတစ်ခု

မေဂျာလိဂ်က ဆုဖလားများများပေးပါတယ် ။ အမှန်ပါပဲ ။ ဒါပေမယ့် သူတို့ထက် ပိုပြီး ဆုဖလားပေးတဲ့ ပြိုင်ပွဲတခုရှိပါတယ် ၊ ကစားရတဲ့ပွဲအရေအတွက်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဒီပြိုင်ပွဲက ဆုဖလားပေးတဲ့နှုန်းကို ဘယ်ပြိုင်ပွဲမှ လိုက်မီမှာမဟုတ်ပါဘူး ။ အဲဒီပြိုင်ပွဲကတော့ ဖီဖာ အင်တာကွန်တီနင်တယ်ဖလားပြိုင်ပွဲပါပဲ ။

ပြိုင်ပွဲရဲ့ အောက်ဆုံးအဆင့်ဖြစ်တဲ့ အာရှနဲ့ သမုဒ္ဓရာပိုင်းဇုန်က ချန်ပီယံလိဂ်ချန်ပီယံတွေ ဆုံတွေ့တဲ့အဆင့်မှာတင် ဖလားစပေးပါတယ် ။ ဒါပြီးသွားလို့ ကွာတားဖိုင်နယ်အဆင့်ကို တက်လာရင်လည်း ဖလားထပ်ပေးပါတယ် ။ ဆီမီးဖိုင်နယ်အဆင့်မှာလည်း Challenger Cup ဆိုပြီး ထပ်ပေးသေးတာပါ ။ နောက်ဆုံးဗိုလ်လုပွဲအဆင့်မှာ အနိုင်ရခဲ့ရင် အင်တာကွန်တီနင်တယ်ဖလားကို ဆွတ်ခူးမှာဖြစ်ပါတယ် ။ အများဆုံး ၄ ပွဲသာကစားရပြီး ဆုဖလား ၄ ခုအထိ ဆွတ်ခူးကိုင်မြှောက်နိုင်ပါတယ် ( သီအိုရီအရပေါ့ ) ။ မနှစ်တုန်းက အင်တာကွန်တီနင်တယ်ဖလားရသွားတဲ့ PSG က ဖလားတကြိမ်သာ ကိုင်မြှောက်ခဲ့ရပြီး ဒုတိယဆုရတဲ့ ဖလာမင်ဂိုအသင်းက ဖလားရရှိမှု ပိုများခဲ့တာပါ ။ တကယ်ထူးဆန်းတဲ့ ဆုပေးပုံတွေပါပဲ ။ ဒါပေမယ့် အရေအတွက်နဲ့ အရည်အချင်းမှာ ဘယ်အရာက ပိုသလဲဆိုတာကတော့ အားလုံးအသိပဲဖြစ်မှာပါ..

Ref: https://www.facebook.com/sportsdailymm/posts/